တန့်ဆည်မြို့နယ်မှာ ယာဉ်တိမ်းမှောက်၍ လူ(၃)ဦးသေ၊ (၄၂)ဦးဒဏ်ရာရ


နေပြည်တော်၊ ဇန်နဝါရီ ၂၇

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး-ကလေးဝသွားကားလမ်း၊ မိုင်တိုင်အမှတ်(၃၁)အနီးတွင် အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်၍ လူ(၃)ဦးသေဆုံးပြီး၊(၄၂)ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

 အဆိုပါလမ်းအတိုင်း ကံထူးမကျေးရွာဘက်သို့ တန့်ဆည်မြို့နယ်၊ ပကာကျေးရွာနေ မြင့်ထွန်း(၄၅)နှစ် မောင်းနှင်လာသည့် ယူဒီကောင်တာ ယာဉ်သည် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

 ယာဉ်ပေါ်တွင်လိုက်ပါလာသော တန့်ဆည်မြို့နယ်၊ ပကာကျေးရွာနေ ဦးသန်းမြတ်စိုး(၅၂)နှစ်ပါ(၃)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး တစ်ရွာတည်းနေ ဦးကျော်စွာ ပါ(၄၂)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း မြင့်ထွန်း အား ကံထူးမနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

သစ်ထူးလွင်

တန့်ဆည်မြို့နယ်မှာ ယာဉ်တိမ်းမှောက်၍ လူ(၃)ဦးသေ၊ (၄၂)ဦးဒဏ်ရာရ တန့်ဆည်မြို့နယ်မှာ ယာဉ်တိမ်းမှောက်၍ လူ(၃)ဦးသေ၊ (၄၂)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.