မင်းဘူးမြို့အဝင် ဆိုင်းပုဒ်ကို တွေ့ရစဉ်။ ဓါတ်ပုံ - နေမိုးငယ် |
တပ်မတော်(လေ) မကွေး က ဝေဟင်ကနေ မြေပြင်ပစ်တဲ့ လက်နက်စမ်းသပ်တာဖြစ်ပြီး အဆန်မပါတဲ့ ထိပ်ဖူးခွံသက်သက်ဖြစ်တာကြောင့် လူတွေအတွက် အန္တရာယ်မရှိ ကြောင်း မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံကနေ သိရတယ်လို့ မကွေးတိုင်း အမှတ် ၅ မဲဆန္ဒနယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။
" မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ကျွန်တော်လှမ်းမေးတယ်လေ၊ ဘာပြောလဲဆိုတော့ တပ်မတော်(လေ) မကွေးကနေပြီးတော့ မင်းဘူး ခလရ (၈၈) ရဲ့နောက်ကြောဘက်က ကွင်းထဲကို သူတို့ဝေဟင်ကနေ မြေပြင်ပစ်တဲ့လက်နက်စမ်းသပ်တယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ အဲဒီစမ်းသပ်တဲ့ လက်နက်က အဆန်မပါတဲ့ ထိပ်ဖူးခွံသက်သက်ဖြစ်တယ်လို့၊ အန္တရာယ်မရှိဘူးဆိုတာကို ကျနော်ကို ပြန်ပြောပြလို့ သိရပါတယ်ခင်ဗျ။ "
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ရက်နဲ့ ၂၄ ရက်နေ့တို့မှာ ၄ ကြိမ်လောက်ထွက်ပေါ်ခဲ့တဲ့ ပေါက်ကွဲ သံကြောင့် မြေကြီးတွေ၊ အဆောက်အဦတွေပါ တုန်ခါမှုတွေ ဖြစ်ခဲ့တဲ့အတွက် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြတာဖြစ်ပါတယ်။
အဲဒီလိုစမ်းသပ်မှာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ကြိုတင်အသိပေးအကြောင်းကြားတာ မရှိတာကြောင့် ပြည်သူတွေအထိတ်တလန့်ဖြစ်ခဲ့တဲ့ အတွက် နောက်နောင်ဒီလိုမဖြစ်ရအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသွားဖို့ရှိတယ်လို့လည်း ဦးတင်အောင်ထွန်း က ပြောပါတယ်။
မင်းဘူး၊ ရေနံချောင်း စကု၊ မကွေး စတဲ့မြို့နယ်တချို့မှာ နှစ်ရက်ဆက်တိုက် ပေါက်ကွဲသံ ၄ ကြိမ် လောက် ကြားခဲ့ရတာ ဖြစ်ပြီး ဒီနေ့မှာတော့ မကြားရတော့ ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
မကွေးတိုင်းအတွင်း ထွက်ပေါ် ခဲ့တဲ့ ပေါက်ကွဲသံဟာ လေတပ်က လက်နက်စမ်းသပ်တာဖြစ်
Reviewed by THITHTOOLWIN
on
18:41
Rating: