နိုင်ငံခြားရင်းနှီးမှု ဒေါ်လာ သန်းခြောက်ထောင်ရပြီ

(မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်)
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ၂၀၁၆-၂၀၁၇ နှစ်မှာ နိုင်ငံတကာတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်းခြောက်ထောင် ရည်မှန်းချက်အတိုင်း ရရှိမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

အခုဘဏ္ဍာနှစ်ကုန်အတွက် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၇ ထောင်ထိ ရရှိနိုင်တယ်လို့လည်း MIC အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောတယ်လို့ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ ဥပဒေကြမ်းထွက်လာတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ IFC နဲ့ စီးပွါးရေးကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ပေါင်းစပ်ရေးဆွဲခဲ့သလို၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အတည်ပြုခဲ့ပြီး၊ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ သက်ဝင်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နိုင်ငံခြားရင်းနှီးမှု ဒေါ်လာ သန်းခြောက်ထောင်ရပြီ  နိုင်ငံခြားရင်းနှီးမှု ဒေါ်လာ သန်းခြောက်ထောင်ရပြီ Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.