‌ကျောက်‌ဆည်‌မြို့၊ နာရီစင်‌အနီး ကုန်‌တင်‌ယာဉ်‌တစ်‌စီး အရှိန်‌မထိမ်းနိုင်‌သဖြင့်‌ လဲကျတိမ်း‌မှောက်‌မှုဖြစ်‌ပွား


‌ကျောက်‌ဆည်‌ - ဇန်‌နဝါရီ-၁၈

‌ကျောက်‌ဆည်‌မြို့၊ နာရီစင်‌အနီးတွင်‌ ဇန်‌နဝါရီ(၁၈)နံနက်‌(၆)နာရီခွဲ အချိန်‌ခန့်‌က‌ (၆)ဘီးကုန်‌တင်‌ယာဉ်‌တစ်‌စီး အရှိန်‌မထိမ်းနိုင်‌ဘဲ ရန်‌ကုန်‌-မန္တ‌လေးလမ်း အ‌ရှေ့ဘက်‌သို့ လဲကျတိမ်း‌မှောက်‌သွား‌ကြောင်း သိရှိရသည်‌။


ဖြစ်‌စဉ်‌မှာယာဉ်‌‌မောင်း ဒိုရပ်‌၊ နံ့‌ဘော်‌ဝါရပ်‌၊‌ လွိုင်‌‌ကော်‌မြို့‌နေ‌ မောင်းနှင်‌လာပြီး၊ ယာဉ်‌‌နောက်‌လိုက်‌ ထက်‌ပိုင်‌‌အောင်‌ လိုက်‌ပါလာသည့်‌ 5M/9731 FUSO CANTA အဖြူ‌ရောင်‌အမျိုးအစား (၆)ဘီးကုန်‌တင်‌ယာဉ်‌သည်‌ အရှိန်‌ဖြင့်‌‌ တောင်‌မှ‌မြောက်‌သို့‌ မောင်းနှင်‌လာရာ‌ ကျောက်‌ဆည်‌မြို့နာရီစင်‌အနီး အ‌ရောက်‌တွင်‌‌ မြောက်‌မှ‌တောင်‌သို့‌မောင်းနှင်‌လာ‌သော(၁၂)ဘီးကုန်‌တင်‌ယာဉ်‌ဖြင့်‌ မျက်‌နှာချင်းဆိုင်‌ဆုံ‌တွေ့ရာ ဒိုရပ်‌‌မောင်းနှင်‌လား‌သော(၆)ဘီး ကုန်‌တင်‌သည်‌ အရှိန်‌မထိမ်းနိုင်‌ဘဲ‌ ဝေဘူစက်‌ရုံလမ်းသို့ ချိုး‌ကွေ့ရာ အရှိန်‌လွန်‌ပြီး လဲကျတိမ်း‌မှောက်‌သွားရာ ယာဉ်‌‌နောက်‌လိုက်‌ထက်‌‌အောင်‌ပိုင်‌ ခါးနာကျင်‌ဒဏ်‌ရာရရှိခဲ့‌ကြောင်း သိရှိရသည်‌။

ထို့‌ကြောင့်‌ ယာဉ်‌‌မောင်းဒိုရပ်‌အား ယာဉ်‌မဆင်‌မခြင်‌‌မောင်းနှင်‌သဖြင့်‌‌ ကျောက်‌ဆည်‌မြို့၊ မြို့မရဲစခန်းမှဒုရဲအုပ်‌‌ကောင်းမြတ်‌သူမှ တရားလိုပြုလုပ်‌၍ တိုင်‌တန်းရာ မြို့မရဲစခန်းမှ ယာဉ်‌(ပ)၇/၂၀၁၇ ရာဇသတ်‌ကြီးပုဒ်‌မ ၃၃၇ ဖြင့်‌ အ‌ရေးယူ‌ဆောင်‌ရွက်‌ထား‌ကြောင်း သိရှိရသည်‌။

သက်‌‌မောင်‌
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
‌ကျောက်‌ဆည်‌မြို့၊ နာရီစင်‌အနီး ကုန်‌တင်‌ယာဉ်‌တစ်‌စီး အရှိန်‌မထိမ်းနိုင်‌သဖြင့်‌ လဲကျတိမ်း‌မှောက်‌မှုဖြစ်‌ပွား  ‌ကျောက်‌ဆည်‌မြို့၊ နာရီစင်‌အနီး ကုန်‌တင်‌ယာဉ်‌တစ်‌စီး အရှိန်‌မထိမ်းနိုင်‌သဖြင့်‌ လဲကျတိမ်း‌မှောက်‌မှုဖြစ်‌ပွား Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.