အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှတ်တိုင်တွင် ခရီးသည် ၂ ဦးအား ထိုးကြိတ်သူ ယာဉ်နောက်လိုက်အား အမှုဖွင့်အရေးယူ
ရန်ကုန်၊ ဇန်န၀ါရီ ၁၈
၁၈.၁.၂၀၁၇ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာ အဝေးပြေးဝင်းမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သိမ်ချောင်းလမ်းဆုံသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအမှတ်(၆)၊ ယာဉ်အမှတ် 1D----HYUNDAI BUS ခရီးသည်တင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေး
မှတ်တိုင်မှ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှတ်တိုင်သို့ လိုက်ပါစီးနင်းလာသော လှိုင်သာယာမြို့နယ်နေ ဇနီးမောင်နှံ ၂ ဦးသည် ယာဉ်စီးခအဖြစ် ငွေကျပ်(၅၀၀)ပေးချေထားခဲ့ရာမှ စော်ဘွားကြီးကုန်းမှတ်တိုင်အရောက်တွင် ပြန်အမ်းရမည့်ငွေကျပ်(၁၀၀)အား ယာဉ်နောက်လိုက်ဖြစ်သူ အောင်နိုင်မိုးထံ ပြန်လည်တောင်းခံရာ ၎င်းယာဉ်နောက်လိုက်မှ ယာဉ်စီးခငွေ ကောက်ခံ
သော အခြားယာဉ်နောက်လိုက်ထံ တောင်းခံရန်ပြောဆိုရာမှ စကားများကြပြီး အောင်နိုင်မိုးမှ ခရီးသည်ဇနီးမောင်နှံအား လက်သီးနှင့်ထိုးကြိတ်ခဲ့သဖြင့် ပွန်းပဲ့နာကျင်ဒဏ်ရာများ ရရှိခဲ့ကြပြီး အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ ရပါသည်။
ယင်းသို့ ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်နောက်လိုက် အောင်နိုင်မိုးအား အင်းစိန်မြို့မရဲစခန်း(ပ)၉၇/၂၀၁၇၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ-၄၁/၁၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှတ်တိုင်တွင် ခရီးသည် ၂ ဦးအား ထိုးကြိတ်သူ ယာဉ်နောက်လိုက်အား အမှုဖွင့်အရေးယူ
Reviewed by THITHTOOLWIN
on
19:24
Rating:
