မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်တွင် ဇန်နဝါရီ ၁၆ ရက်၊ နံနက် ပိုင်းက မော်တော်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အား ဝင်တိုက်သဖြင့် ယာဉ်ပေါ်ပါသူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရှိရသည်။
“ယာဉ်အန္တရာယ်မဖြစ်ဖို့ လမ်းတွေမှာလည်း လမ်းညွှန်စာသားတွေထားပေးထားတယ်။ ဒါကို ယာဉ်မောင်းတွေ က သတိထားမောင်းနှင်ဖို့လိုတယ်။ အခုလည်း ယာဉ်ကိုသတိထားမမောင်းလို့ ဖြစ်ရတာပါ။ ကားမောင်းတဲ့သူ တော့ ဒဏ်ရာသိပ်မပြင်းဘူး။ သူ့ညီကတော့ ဆေးရုံအရောက်မှာဆုံးသွားတယ်။ ယာဉ်မောင်းကိုတော့ ဥပဒေ အရ ဆောင်ရွက်ထားပါတယ်။”ဟု သထုံမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး သန်းဇော်က ပြောသည်။
ရန်ကုန်မှ မော်လမြိုင်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နေ ယာဉ်မောင်း ခင်မောင်ဌေး(၃၇)နှစ် မောင်းနှင်လာပြီး ဘေးမှညီဖြစ်သူ ခင်မောင်ထွေး(၂၈)နှစ်လိုက်ပါလာသည့် အဖြူရောင်ယာဉ်သည် အခင်းဖြစ် ပွားရာနေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိသဖြင့် ယာဉ်မောင်းတွင် မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး ခင်မောင်ထွေးတွင် ဒဏ်ရာပြင်းထန်သဖြင့် သထုံဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းခင်မောင်ဌေးအား သထုံမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၄/ ၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄- က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယာဉ်တစ်စီး သစ်ပင်ကိုဝင်တိုက်သဖြင့် တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:03
Rating:
