ဥက္ကံ သစ်တောကြိုးဝိုင်တွင် အစွယ်နှင့်နှာမောင်း အဖြတ်ခံသေဆုံးနေသည့် တောဆင်ရိုင်းတစ်ကောင် တွေ့ရှိ


တိုက်ကြီး ဇန်နဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေဘက် ၂၁မိုင်ခန့်အကွာ ဥက္ကံသစ်တောကြိုးဝိုင်း သစ်တောအမှတ်(၇၆) ဘွက်မြောင်(ဒေသအခေါ်) ဇန်နဝါရီ(၇)ရက်နေ့တွင် အစွယ်နှင့်နှာမောင်း အဖြတ်ခံထားရသော တောဆင်ရိုင်းတစ်ကောင်သေဆုံးနေကြောင်း ဥက္ကံမြို့ သစ်တောဦးစီးဌာနမှ တောအုပ် သက်နိုင်ဦးကပြောသည်။

အဆိုပါသေဆုံးနေသော တောင်ဆင်ရိုင်းသည် (၁၂)နှစ် အရွယ်ရှိပြီး အစွယ်နှင့် နှာမောင်းတို့အဖြတ်ခံထားရပြီးအမြင့်(၇)ပေအလျား(၇)ပေခွဲနှင့်လုံးပတ်(၉)ပေရှိကြောင်းဆင်မုဆိုးများမှအဆိပ်မြှားဖြင့်ပြစ်ထားခြင်းဖြစ်နိုင်ကြောင်း လည်းကောင်းသေဆုံးနေသော တောဆင်ရိုင်းသည်လွန်ခဲသော(၁၅)ရက်ကြာပြီဖြစ်ကြောင်း ဆင်ဆရာဝန် ဦးဖြိုးသူအောင်ကပြောသည်။


ကျွန်တော်တို့အဖွဲ့ တောဆင်ရိုင်းသေနေတယ်ဆိုတဲ့သတင်းကို ဒေသခံတွေ သတင်းပေးချက်အရ သွားရောက်ကြည့်တဲအခါ တောဆင်ရိုင်းတစ်ကောင် သေနေတာကိုတွေ့တယ် မြောင်ကြားထဲမှ သေနေတယ် ကုန်းမြင့်ကနေ ရှောဆင်းလာတဲ့အရာတွေတယ် ဒဏ်ရာ ရပြီးဆင်းလာတာနဲ့တူတယ် ပုတ်တော့နေပြီး ရှေလက်နှစ်ချောင်းကရှေကိုပြစ်ပြီး နောက်ခြေနှစ်ချောင်းကဒူးထောက်ပြီးသေဆုံးနေတာတွေရတယ် ဆင်အရေခွံနဲ့အမြီးတော့ကျန်တယ် နှာမောင်းနဲ့ အစွယ်ကမရှိတော့ဘူးဟု ဥက္ကံသစ်တောဦးစီးဌာနမှ တောအုပ် သက်နိုင်ဦးကရှင်းပြသည်။

တိုက်ကြီးမြို့နယ်အတွင် ၂၀၁၅-၂၀၁၇ခုနှစ်အတွင်း ရေဒီယိုကော်လာတပ်ဆင်ထားသောတောဆင်ရိုင်းတစ်ကောင်းအပါဝင်တောဆင်ရိုင်း(၁၁)ကောင်အသတ်ခံရပြီး၂၀၁၇ခုနှစ်တွင်ယခုသေဆုံးသောတောဆင်ရိုင်းတစ်ကောင်အပါအဝင်(၁၂)ကောင်းမြောက်ဖြစ်ကြောင်းဆင်ခိုးဂိုဏ်အဖွဲ့ကိုဒီဇင်ဘာ(၁)ရက်နေ့က(၆)ဦးဖမ်းစီးခဲ့ရာမှစစ်ဆေးပေါ်ပေါက်ချက်အရဒီဇင်ဘာ(၄)ရက်နေ့တွင်တရားခံတစ်ဦးဆင်သားခြောက်များနှင့်တူမီးသေနတ်(၂)လက်တို့ထပ်မံဖမ်းဆီးရမိသောတရားခံများအားဥက္ကံနယ်မြေရဲစခန်းတွင် အမှုမှန်ပေါ်ပေါက်ရေးတို့အတွက် ဆက်လက်စစ်ဆေးနေကြောင်း ဥက္ကံနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထွန်းလှိုင် (မြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဥက္ကံ သစ်တောကြိုးဝိုင်တွင် အစွယ်နှင့်နှာမောင်း အဖြတ်ခံသေဆုံးနေသည့် တောဆင်ရိုင်းတစ်ကောင် တွေ့ရှိ  ဥက္ကံ သစ်တောကြိုးဝိုင်တွင် အစွယ်နှင့်နှာမောင်း အဖြတ်ခံသေဆုံးနေသည့် တောဆင်ရိုင်းတစ်ကောင် တွေ့ရှိ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.