မိုင်းဖြတ်မြို့ ဆိုင်းလေကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး


မိုင်းဖြတ် ၊ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ် ဆိုင်းလေကျေး ရွာနှင့် ဆွပ်ပလောင်းကျေးရွာကြားရှိ မိုင်တိုင်အမှတ် (၇၀၃/၇၀၄ KG)ကြားတွင် ဇန်နဝါရီ ၉ရက် မွန်းလွဲ ၁နာရီခွဲခန့်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့သို့အမျိုး၏အိမ်သစ်တက်ပွဲ သွားရောက်ရန် ကျိုင်းတုံမှ မိုင်းဖြတ်ဘက်သို့ ယာဉ်မောင်း စိုင်းကျောက် (၃၈)နှစ်၊ (ဘ)ဦးစိုင်းယီ ကျိုင်းတုံမြို့နယ်၊ ကတ်ဝမ်းကျေးရွာနေသူ မောင်းနှင်လာသော ယာဉ်အမှတ် MDY7J/---- (HIJET)အဖြူရောင်သည် မိုင်တိုင်အမှတ် (၇၀၃/၇၀၄ KG)ကြား လမ်းအကွေ့တွင် အရှိန်ပြင်းစွာမောင်းနှင် လာသော ဆိုင်ကယ်အားတွေ့ရှိရသဖြင့် ရပ်တန့်လိုက်စဉ် မိုင်းဖြတ်ဘက်မှကျိုင်းတုံဘက်သို့ စိုးအောင် (၃၈)နှစ်၊(ဘ) ဦးမြင့်လွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေသူ မောင်းနှင်လာသော ဆိုင်ကယ်အမှတ်- ၃၈ယ/----- DEAM (နက်ပြာရောင်)သည် လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောတွင် ရပ်တန့်ထားသည့် ယာဉ်၏ယာဘက်ခြမ်း လေကာမှန်နှင့် ဦးခေါင်းပိုင်းအား ဝင်ရောက်တိုက်မိခြင်းဖြစ်သည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်းကယ်မောင်းနှင်သူ စိုးအောင်တွင် ယာနားရွက် ပွန်း ပဲ့ဒဏ်ရာ(၁)ချက်နှင့် အခြားပြင်ပဒဏ်ရာ မတွေ့ရှိ(သေဆုံး)နှင့် ဆိုင်ကယ်နောက်မှ စီးနှင်းလိုက်ပါလာသူ ဦးဝင်းညွှန်(၄၅)နှစ်တွင် ယာပေါင် နာကျင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် တာချိလိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။


 7J/---- (HIJET) အဖြူရောင် ယာဉ်၌လိုက်ပါစီးနှင်းလာသော ခရီးသည်များ ထိခိုက်ဒဏ်ရာမရှိပါကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ စိုးအောင်နှင့် စိုင်းကျောက်တို့အား မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်
Iprd Mongphyak
မိုင်းဖြတ်မြို့ ဆိုင်းလေကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး  မိုင်းဖြတ်မြို့ ဆိုင်းလေကျေးရွာနှင့် ဆွပ်ပလောင်းကျေးရွာကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:43 Rating: 5
Powered by Blogger.