ရေမြောင်းရှင်းသည့် လုပ်သားလေးဦး အသက်ရှု မွန်းကြပ်သေဆုံး မြန်မာနိုင်ငံသားတစ်ဦးပါဝင်


26-1-2017

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  စိုင်မိုင်ရပ်ကွက် AC ဈေးအနီးက မြေအောက်ရေ မြောင်းတွင်း ပိတ်နေတာကို ဆင်းရှင်းကြတဲ့ အလုပ်သမားလေးဦး မြောင်းတွင်းအနံ့ ဆိုးတွေ ရှုမိပြီး သတိမေ့ သေဆုံး ခဲ့ကြောင်း သိရပါတယ်။

ရေမြောင်းပုတ်ရဲ့  အနံ့ ဆိုးတွေကြောင့် သန့် ရှင်းရေး အလုပ်သမားလေးဦးဟာ တွင်းထဲမှာဘဲ သတိလစ်မေ့သွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ တွေ အသက်ကယ် ဘို့ ကြိုးစားပေမယ့် သေဆုံးသွားခဲ့ ကြပါတယ်။


သေဆုံးသူ အလုပ်သမားလေးဦးမှာ ထိုင်းလူမျိုး (၃)ဦးနဲ့  မြန်မာနိုင်ငံသား ကိုဇော်လေး အသက်(၃၈)နှစ်တို့  ဖြစ်ပါတယ်။

ကိုဇော်လေးဟာ အပေါ်ကနေ ရေမြောင်းရှင်းတဲ့သူတွေကို တွင်းဝ ကနေ စောင့်ပေးရသူဖြစ်ပြီး လုပ်ဖေါ် ထိုင်းသုံး ဦး ရေမြောင်းတွင်းထဲမှာ မူးမေ့နေကြတာကို ကြိုးနဲ့  ဆွဲတင် ကယ် ဘို့ ကြိုး စားနေရင်း သူပါ တွင်းထဲ ကိုပြုတ်ကျခဲ့ပြီး သေဆုံးခဲ့ရတာလို့  သိရပါတယ်။

Khaosod
Social Action for Women - SAW
ရေမြောင်းရှင်းသည့် လုပ်သားလေးဦး အသက်ရှု မွန်းကြပ်သေဆုံး မြန်မာနိုင်ငံသားတစ်ဦးပါဝင်  ရေမြောင်းရှင်းသည့် လုပ်သားလေးဦး အသက်ရှု မွန်းကြပ်သေဆုံး မြန်မာနိုင်ငံသားတစ်ဦးပါဝင် Reviewed by THITHTOOLWIN on 05:53 Rating: 5
Powered by Blogger.