မူဆယ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခု၌ မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား


နေပြည်တော်၊ ဇန်န၀ါရီ- ၂၇

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မူဆယ်မြို့၊ စွမ်းစော်ရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား ကားလမ်းပေါ်ရှိ စက်သုံး ဆီအရောင်းဆိုင်တစ်ခု၌ ဇန်န၀ါရီ ၂၆ ရက် ည ၁၂ နာရီခွဲခန့်တွင် မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် နယ်မြေ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းစစ်ဆေးခဲ့သည်။

 ပေါက်ကွဲမှုဖြစ်စဉ်၌ လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆီထည့်ပန့် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်ခန်းရှေ့မှန်များကွဲအက်ပျက်စီးခဲ့ကာ (ကာလတန်ဖိုး ၁၅ သိန်းခန့်) ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါနေရာ အနီးပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
မူဆယ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခု၌ မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား  မူဆယ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခု၌ မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.