ဝိုင်ဘီအက်စ် ယာဉ်လိုင်းအမှတ် ၅၅ မီနီဘတ်စ် တိုက်ကြီး တိုးဂိတ်တွင် ဘရိတ်ပေါက်၍ ကတ္တားအဆင်းလမ်း အုတ်ခုံတိုက်


တိုက်ကြီး ဇန်နဝါရီ ၂၈

တိုက်င်္ကြီးမြို့ ရန်ကုန် - ပြည်ကားလမ်း မိုင်တိုင်အမှတ် ၄၆/ ၃ တိုက်ကြီးတိုးဂိတ်တွင် ထောက်ကြန့် တိုက်ကြီး ဝိုင်ဘီအက်စ် ယာဉ်လိုင်းအမှတ် ၅၅ မီနီဘတ်စ် ခရီးသည်တင်ယာဉ်သည် ဇန်
နဝါရီလ ၂၇ ရက် ညနေ ၅.၂၀ နာရီခန့်က ဘရိတ်ပေါက်၍ တိုးဂိတ်ကတ္တားအဆင်း ၄ ပေခန့်ရှိ အုတ်ခုံတိုက်မိ၍ အုတ်ခုံပေါ်တက်၍ တင်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထောက်ကြန့် တိုက်ကြီး ဝိုင်ဘီအက်စ်ယာဉ်လိုင်းအမှတ် ၅၅ ခရီးသည်တင်ယာဉ်မောင်း မင်းမင်းထွန်း ၂၃ နှစ် (ဘ)ဦးလှဝင်း ၁၂/ တကန(နိုင်) ၁၉၆၆၇၆ ရှမ်းစုရပ်ကွက် သုခမြိုင် ၆ လမ်း နေ မောင်းနှင်သော 2K/2660 မီနီဘတ်စ် ယာဉ်သည် တိုးဂိတ်အဝင် ရှေ့မှာရှိသော ယာဉ်ကိုတိုက်မိမည်စိုး၍ ဘရိတ်ဖမ်းရာ ဘရိတ်ပေါက်၍ ယာဉ်ကိုမထိန်းနိုင်ဘဲ တဘက်ယာဉ်ကြော တိုးဂိတ်ကုန်ကားများမောင်နှင်းသော လမ်း ၄ ပေ ခန့်အမြင့်ရှိ အုတ်ခုံကိုတိုက်မိ၍ အုတ်ခုံပေါ်တက်၍သွားပြီး တင်သွားကြောင်း သိရသည်။

ယာဉ်ပေါ်ပါ ခရီးသည် ၅ ဦးပွန်းပဲ့ရာများ ရရှိသဖြင့် တိုက်ကြီးဆေးရုံသို့ တင်ပို့(မစိုးရိမ်ရ)ကုသခဲ့
ကြောင်းသိရသည်။
" ကျမက ကလေးပါနေတော့ ဖြည်းဖြည်းမောင်းဖို့ပြောပါတယ် မြောင်းတကာနားမှာ ဆိုင်ကယ်တစ်စီးတိုက်မလို့ဖြစ်သေးတယ် အခုဟာ မီနီဘတ်နှစ်စီးလုမောင်းနေတာ တိုးဂိတ်ဝင်ကာနီးရှေ့
ကားတိုက်မှာစိုးလို့ ဘရိတ်ဖမ်းတာ အရှိန်များပြီးဘရိတ်ပေါက်ပြီး အုတ်ခုံဝင်တိုက်တာ ရှေ့ကအုတ်ခံနေလို့ ဒါတောင်အပေါ်တက် သွားသေးတယ် ဒီလိုယာဉ်မောင်းတွေကို ထိရောက်တဲ့ပြစ်ဒဏ်ပေးသင့်ပါတယ်" ယာဉ်ပေါ်ပါ ပွန်းပဲ့ဒဏ်ရာရသည့်သွားခရီးသည် အမျိုးသမီးတစ်ဦးက ပြောပါသည်။

ယာဉ်မောင်းမင်းမင်းထွန်းအား ယာဉ်မှုစစ်အဖွဲ့မှ စစ်ဆေးပြီး တိုက်ကြီးမြို့မ ရဲစခန်းတွင် အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ဦးထွန်းလှိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဝိုင်ဘီအက်စ် ယာဉ်လိုင်းအမှတ် ၅၅ မီနီဘတ်စ် တိုက်ကြီး တိုးဂိတ်တွင် ဘရိတ်ပေါက်၍ ကတ္တားအဆင်းလမ်း အုတ်ခုံတိုက်  ဝိုင်ဘီအက်စ် ယာဉ်လိုင်းအမှတ် ၅၅ မီနီဘတ်စ် တိုက်ကြီး တိုးဂိတ်တွင် ဘရိတ်ပေါက်၍ ကတ္တားအဆင်းလမ်း အုတ်ခုံတိုက် Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.