![]() |
ဝီကီလိခ် ဝက်ဘ်ဆိုက်ကို အရေးကြီး စာရွက်တွေ လက်ဆင့် ကမ်းခဲ့သူ။ |
အီရတ်မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ နာမည်ဟောင်း ဘရက်ဒ်လီ မဲနင် အမည်ရှိသူ ဟာ လာမယ့် မေလထဲ ပြန်လွတ်လာမယ် ဆိုပြီး အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
စစ်ရေးနဲ့ သံတမန်ရေး ဆိုင်ရာ အရေးကြီးတဲ့ အချက်အလက် တွေ ပါဝင်တဲ့ စာရွက်စာတမ်း ပေါင်း ၇၅ သိန်း လောက် အထိကို ဝီကီလိခ် ဝက်ဘ်ဆိုက်ကို ပေးခဲ့တဲ့ အတွက် အပြစ် ရှိတယ် ဆိုပြီး ချယ်ဆီ မဲန်နင်းကို ၂ဝ၁၃ ခုနှစ် မှာ ပြစ်ဒဏ် ချမှတ် ထားတာ ဖြစ်ပါတယ်။
တခါ၊ အီရန်ရဲ့ နျူကလီယာ အစီအစဉ် အပေါ် ဆိုင်ဘာ တိုက်ခိုက် ခဲ့တဲ့ အကြောင်း ပေါက်ကြားမှု ကို FBI ထောက်လှမ်းရေးက စုံစမ်း စစ်ဆေးတုန်း မဟုတ်မမှန် ထွက်ဆို ခဲ့လို့ ပြစ်ဒဏ် ချမှတ် ခံထားရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျိမ်းစ် ကာ့ထ်ရိုက် ကိုလည်း သမ္မတ အိုဘားမားက လွတ်ငြိမ်း ချမ်းသာခွင့် ပေး ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
အိုဘားမား သမ္မတ လက်ကျန် ရက်တွေမှာ လွတ်ငြိမ်းခွင့်တွေ ပေးနေ
Reviewed by THITHTOOLWIN
on
07:27
Rating:
