ဟားခါး ဇန်နဝါရီ ၁၆
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် နေ့လည်ပိုင်းက ဆိုင်ကယ်နှင့်ကားတစ်စီးတိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗိုလ်ချုပ်လမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်းဦးသန်းနိုင်ဦး မောင်းနှင်လာသော Counter(အဖြူရောင်)ယာဉ်အမှတ် 5J/2780 သည် လက်ယာဘက်ကပ်မောင်းခြင်းမရှိပဲ လမ်းအလယ်မှ မောင်းနှင်နေစဉ် ၄င်းလမ်းအတိုင်း KENBO (အစိမ်းရောင်)၊ ဆိုင်ကယ်အမှတ် ၃၇ယ/၁၇၉၈ ဖြင့် အနောက်မှအရှေ့သို့ ဦးတီာလ်ကုန်းမောင်းနှင်ပြီး ဒေါ်ဆုန်နော် စီးနင်းလိုက်ပါသည့် ဆိုင်ကယ်မှ ကျော်တက်စဉ် ရှေ့မျက်နှာချင်းဆိုင်မှလာသော ဆိုင်ကယ်အား လက်ယာဘက်သို့ ရှောင်တိမ်းရာ အဆိုပါကား၏ နောက်ဘီးဖြင့် တိုက်မိသဖြင့် ဆိုင်ကယ်တိမ်းမှောက်ကာ ဆိုင်ကယ်နောက်တွင် စီးနင်လိုက်ပါသူ ဒေါ်ဆုန်နော(၄၉)နှစ်အား ကြိတ်မိ၍ ဦးခေါင်းပိပြား၊ ဦးနှောက်ထွက်၊ နှာခေါင်းမှသွေးထွက် ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်။ ဆိုင်ကယ်မောင်းနှင်သူ ဦးတီာလ်ကုန်းတွင် ယာလက်ခုံးပွန်းပဲ့၊ ယာခြေမျက်စိပွန်းဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့် ရဲဆေးစာဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
မော်တော်ယာဉ်အား ယာဘက်ကပ်မောင်းခြင်းမရှိဘဲ လမ်းအလယ်မှ မောင်းနှင်သူ ယာဉ်မောင်းဦးသန်းနိုင်ဦးနှင့် ယာဉ်ကြောမရှင်းဘဲ ယာဉ်အား မဆင်မခြင်ကျော်တက်မောင်းနှင်သူ ဦးတီာလ်ကုန်းတို့အား ဟားခါးမြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၁၇၊ ပုဒ်မ-၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
( ဟားခါးခရိုင် ပြန်/ဆက် )
Hakha Iprd
https://www.facebook.com/hakha.iprd
ဟားခါး၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:52
Rating:
