လိမ်လည် အလှူခံသည့် ထိုင်းဘုန်းကြီးတပါး ပိုင်ဆိုင်မှုများအား နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူမည်


၂၅-၁-၂၀၁၇

အလှူရှင်တွေရဲ့  လှူတမ်းထားတဲ့ ငွေကြေးတွေကို အလွဲသုံးစား လုပ်ပြီး ကိုယ်ပိုင်အဖြစ် သုံးစွဲနေခဲ့သူ ဘုန်ကြီးတပါးရဲ့ ပိုင်ဆိုင်တဲ့ ငွေကြေးအား လုံး ကို နိုင်ငံပိုင် သိမ်းယူဘို့  ယနေ့  ပြုလုပ်ခဲ့တဲ့ ကြားနားပွဲ အတွင်း တရားရုံးတော် မှာ တရားလိုသက်သေတွေက တင်ပြခဲ့ကြောင်း သိရပါတယ်။

Department of Special Investigation (DSI )အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့ က စစ်ဆေးနေစဉ် အတွင်း တရားခံဟာ အမေရိကန်နိုင်ငံကို ထွက်ပြေး သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံက အဆိုပါ ဘုန်းကြီးပိုင်ဆိုင်တဲ့ ဘတ်သန်းပေါင်း (၄၀)ကျော်နဲ့ အတူ အဖိုးတန် ကား - အိမ်မြေ တိုက်ခန်းတွေကို ချိတ်ပိတ်ထိမ်း သိမ်းထားတာဖြစ်ပါတယ်။


လုံပိုနင်ထမ် Luang Pu(နိုင်ဝိရဖုန်)ဟာဘုန်းကြီးဘ၀နဲ့  ကျောင်းဆောက်မယ် - ဘုရားတည်မယ် စတဲ့ခေါင်းစဉ်တွေပြပြီး ပြည်သူ တွေဆီက အလှူခံထားတဲ့ ဘတ်ငွေ သန်းပေါင်းများစွာကို ကိုယ်ပိုင်ငွေ အဖြစ်သုံးစွဲနေ တာကြောင့် ထိုင်းတရားရုံးက လိမ်လည်မှုနဲ့  အလိုရှိနေသူဖြစ်ပါတယ်။

အဆိုပါ တရားခံကို အမေရိကန်ပြည်ထောင်စု စံဒေရာဂို မှာ ဖမ်းဆီးထားပြီး ယခု ဒေါ်နယ်ထရန့် အစိုးရသစ်မှာ သူ့ ကို ထိုင်းနိုင်ငံပြန်ပို့ ပေးပြီး တရား ရင်ဆိုင်ဘို့  ထိုင်းအစိုးရက တောင်းဆိုထားပါတယ်။

Khaosodwww.khaosod.co.th
Social Action for Women - SAW
လိမ်လည် အလှူခံသည့် ထိုင်းဘုန်းကြီးတပါး ပိုင်ဆိုင်မှုများအား နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူမည်  လိမ်လည် အလှူခံသည့် ထိုင်းဘုန်းကြီးတပါး ပိုင်ဆိုင်မှုများအား နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူမည် Reviewed by THITHTOOLWIN on 16:36 Rating: 5
Powered by Blogger.