ဆန် တင်ပို့မှု အရင်နှစ်ကထက် လျှော့နည်း

(ဆန် အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ်)Photo:Thiha Tun/RFA
အခု ဘဏ္ဏာရေးနှစ်အတွင်း မြန်မာနိုင်ငံက နိုင်ငံခြားကိုတင်ပို့ရောင်းချမယ့် ဆန်တန်ချိန် ပမာဏဟာ မိုးကြီးရေလျှံမှုနဲ့ တရုတ်နိုင်ငံက ဝယ်လိုအားကျဆင်းမှုတွေကြောင့် အရင်နှစ်ကထက် လျှော့နည်းမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ပြောဆိုချက်အရ ၂ဝ၁၅-၁၆ ဘဏ္ဏာနှစ်အတွင်း နိုင်ငံခြားကို ဆန်တန်ချိန် ၁.၃ သန်း တင်ပို့နိုင်ခဲ့ပေမယ့် အခု ၂ဝ၁၆-၁၇ခုနှစ်မှာ တန်ချိန် ၁ သန်းပဲ တင်ပို့ရောင်းချနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာပြည်က ဆန်တွေကို အဓိကအားဖြင့် တရုတ်ပြည်ကို တင်ပို့နေတာဖြစ်ပြီး ဥရောပနဲ့ အနောက်အာဖရိက နိုင်ငံတွေကိုလည်း တချို့တဝက်ရောင်းချပါတယ်။ တရုတ်ပြည်က ဆန်
၁ တန်ကို ကန် ဒေါ်လာ ၃၇၆ ပေးဝယ်ပေမယ့် ကျန်နိုင်ငံတွေကတော့ ဒေါ်လာ ၃ဝဝ
ခန့်ပဲပေးတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဆန် တင်ပို့မှု အရင်နှစ်ကထက် လျှော့နည်း  ဆန် တင်ပို့မှု အရင်နှစ်ကထက် လျှော့နည်း Reviewed by THITHTOOLWIN on 12:08 Rating: 5
Powered by Blogger.