ဝန်ကြီးချုပ်ကားပင် သစ်မှောင်ခိုသယ်ကြောင်း သတင်းရပါက ဖမ်းရန် ၀န်ကြီးချုပ်ပြောကြား


မုံရွာ၊ ဇန်နဝါရီ ၂၇။

မိမိစီးနင်းနေသော ကားပေါ်တွင် တရားမ၀င်သစ်များပါကြောင်း သတင်းရပါက ဖမ်းရန် ရဲတပ်ဖွဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားကြောင်း ပုလဲမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးဇော်ထက်က ပြောသည်။

ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ပုလဲမြို့သို့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ ရောက်ရှိပြီး ဌာန ဆိုင်ရာအဖွဲ့များနှင့် တွေ့ဆုံစဉ် ၀န်ကြီးချုပ်က ပြောခဲ့ကြောင်း ၄င်းက ဆိုသည်။
"သစ်မှောင်ခိုသယ်တာရဲ့ နောက်ကွယ်က လူတွေကို ၀န်ကြီးချုပ်က ရှာဖမ်းခိုင်းတာ။ သူ့ကားမှာတောင် သစ်ပါရင် ဖမ်းဖို့ အဲဒီလောက်အထိ အဆုံးစွန်ဆုံးပြောတယ်။ တိုင်းရဲတပ်ဖွဲ့မှူးလည်း ရှိတယ်။ ကျွန်တော်တို့နယ်မှာက သစ်ဖမ်းမှုတောင် အဌားတရားခံတွေ များတာ။ တကယ်လုပ်တဲ့သူ မမိဘူး"ဟု လွှတ်တော်အမတ်က ပြောသည်။

အလောင်းတော်ကဿ ပဘေးမဲ့တောအတွင်းမှ သစ်ခိုးထုတ်သူများ၏ အဓိက ထွက်ပေါက်လမ်းကြောင်းသည် ပုလဲမြို့ဖြစ်သောကြောင့် ၄င်းလမ်းကြောင်းများကို ပိတ်ဆို့ဖမ်းရန် ရဲတပ်ဖွဲ့သို့ ဒေသခံများက အကြံပေးမှုများ ရှိခဲ့ကြောင်း သိရသည်။
"လမ်းက ဂိတ်စောင့်ရဲတွေကလည်း လာဘ်မစားပဲ ဖမ်းဖို့လိုတယ်။ ရွာတွေထဲမှာ လွှစင်ထောင်ခွဲတဲ့သူတွေ ရှိတယ်။ အဲဒီရွာတွေကလည်း အနည်းစုပါ။ ၀င်ဖမ်းရဲဖို့ပဲ လိုတာ။ ပိုင်ရှင်မဲ့တွေ မဖြစ်ဖို့အရေးကြီးတာ "ဟု ပုလဲမြို့နယ်၊ ချင်ပြစ်ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း အုတ်မွန်းတော ရွာအနီးတွင် မှောင်ခိုသစ်ကားအား ထွေအုပ်နှင့် ရဲတပ်ဖွဲ့မှ သွားဖမ်းစဉ် လူအုပ်စုဖြင့် ၀ိုင်းရိုတ်ပြီး သစ်ကားကို ပြန်လည် ယူပြေးခဲ့သဖြင့် ၀န်ကြီးချုပ်နှင့်အဖွဲ့က ကွင်းဆင်းလာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစဉ်က သစ်ကားလုယူပြေးသူများသည် တောအတွင်းတစ်နေရာတွင် သစ်များကို စုပုံထားခဲ့ပြီး ကားကို ယူသွားခဲ့သဖြင့် သစ်များမှာ သိမ်းမိသော်လည်း ကားနှင့်တရားခံများ ပျောက်ဆုံးနေသည်ကို ဒေသခံများမှ အားမရ ဖြစ်နေကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
ဝန်ကြီးချုပ်ကားပင် သစ်မှောင်ခိုသယ်ကြောင်း သတင်းရပါက ဖမ်းရန် ၀န်ကြီးချုပ်ပြောကြား ၀န်ကြီးချုပ်ကားပင် သစ်မှောင်ခိုသယ်ကြောင်း သတင်းရပါက ဖမ်းရန် ၀န်ကြီးချုပ်ပြောကြား Reviewed by THITHTOOLWIN on 11:38 Rating: 5
Powered by Blogger.