အင်္ဂပူမြို့မှာ ကျောင်းထိုင် ဆရာတော်တစ်ပါးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးထား


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့မှာ (၇)တန်းကျောင်းသူတစ်ဦး ကိုယ်ဝန် ရရှိမှုနဲ့ပတ်သတ်ပြီး အသက်(၇၆)နှစ်အရွယ် ကျောင်းထိုင်ဆရာတော်တစ်ပါးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးထားတယ်လို့ အင်္ဂပူမြို့နယ် ရဲစခန်းက သိရပါတယ်။

 မိဘတွေက ငွေကြေးချို့တဲ့တာကြောင့် ဘုန်းကြီးကျောင်းမှာနေထိုင်ပြီး ဘုန်းကြီးရဲ့ အထောက်အပံ့နဲ့ကျောင်းတက်နေရင်း ကိုယ်ဝန်ရှိလာတာကြောင့် ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ အင်္ဂပူမြို့နယ် ရဲစခန်းဒုရဲအုပ်ထွန်းထွန်း ကပြောပါတယ်။

စစ်ဆေးချက်တွေအရ ကျောင်းထိုင်ဆရာတော်ကသားမယားပြုကျင့်ခဲ့ကြောင်းပေါ်ပေါက်ခဲ့တယ်လို့လည်းဒုရဲအုပ်ထွန်းထွန်းကပြောပါတယ်။

အဲဒါကြောင့် ဆရာတော်ကို မြို့နယ်သံဃနာယက ဆရာတော်ရှေ့မှောက်မှာ လူဝတ်လဲစေပြီး ဟင်္သာတခရိုင် ထောင်ချုပ်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Ingapu Township
5 Plus News
https://www.facebook.com/5plusnews
အင်္ဂပူမြို့မှာ ကျောင်းထိုင် ဆရာတော်တစ်ပါးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးထား  အင်္ဂပူမြို့မှာ ကျောင်းထိုင် ဆရာတော်တစ်ပါးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးထား Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.