အင်​ဗာတာမီးအားမြင့်​စက်​မှတစ်​ဆင့်​ ဘုရားကျောင်းရုံးခန်း မီး​လောင်​ကျွမ်း


က​လေး၊ဇန်​နဝါရီ၂၅၊

စစ်​ကိုင်းတိုင်း၊က​လေးမြို့၊စမ်းမြို့ရပ်​ကွက်​တွင်​ ယ​နေ့ည​နေပိုင်း၃နာရီ၃၀မိနစ်​ခန့်​က မြန်မာပြည်​​လွတ်​လပ်​​သော ဧလိမ်းအသင်း​တော်​ဘုရား​ကျောင်းရုံးခန်းမီး​လောင်​ကျွမ်းခဲ့​ကြောင်းသတင်းရရှိသည်​။

"မီးက ဘုရား​ကျောင်းအ​နောက်​က အ​ဆောက်​အဦးက စတင်​​လောင်​တာ​။ မီးခိုး​တွေ အ​ဝေးကြီးကကိုမြင်​ကြရတယ်​။ တော်​​သေးတယ်​ ရပ်​ကွက်​မီးသတ်​ကားအရင်​​ရောက်​ပြီး မီးထိန်းနိုင်​လို့ လမ်း​တွေကြည့်​တဲ့သူ​တွေ မပိတ်​ခင်​​ပေါ့"ဟု ၄င်းဘုရား​ကျောင်း​ဘေးပတ်​ဝန်းကျင်​ အိမ်​ရှင်​တစ်​ဦးက ပြောသည်​။


စမ်းမြို့၊ နယ်​​မြေ၁၀၊ အိမ်​အမှတ်​၂၀၊ ဘုရား​ကျောင်းရုံးခန်းသည်​​ နေ့လည်​ ၁၂နာရီတွင်​ ရုံးပိတ်​ခြင်းဖြစ်​ပြီး လောင်​ကျွမ်းမှု၌ ကျမ်းစာ၊ စာရွက်​စာတမ်းးများ အများဆုံး​ လောင်​ကျွမ်းပျက်​စီးခဲ့​ကြောင်း သိရသည်​။

၁၀မိနစ်​​ကျော်​ကြာ ​လောင်​ကျွမ်းခဲ့​ပြီး ငါးပင်​သုံးပင်​အိမ်​ရုံးခန်းဖြစ်​ကြောင်း သိရသည်​။

ခရိုင်​မီးသတ်​ဦးစီးမှူး​အောင်​ကို​ဌေးက" အင်​ဗာတာမီးမြှင့်​စက်​က​နေ အပူလွန်​ကဲပြီး​ လောင်​ကျွမ်းတာကို စစ်​​ဆေး​တွေ့ရှိတယ်​။ ဘုရား​ကျောင်း​နောက်​က ရုံးခန်းအ​ဆောင်​​မီး​လောင်​သွားတာပါ။ ဒါဟာ ၂၀၁၇ခုနှစ်​ရဲ့ က​လေးမြို့မှာ မီးစတင်​​လောင်​ကျွမ်းမှုပါ။ အချိန်​မီငြိမ်းသတ်​နိုင်​လိုက်​ပါတယ်​။ ၂၀၁၆ခုနှစ်​က​တော့ မီး​လောင်​ကျွမ်းမှု ၉မှုထိရှိခဲ့ပါတယ်​ " ဟု ​ပြောသည်​။

စမ်းမြို့ရပ်​ကွက်​၊ တာဟန်း​ဈေးလမ်း၊ ဧလိမ်းဘုရား​ကျောင်းရုံးခန်း​လောင်​ကျွမ်းခဲ့ခြင်းဖြစ်​ပြီး၊ ကျပ်​သိန်း ၇သိန်း ၆သောင်း​ကျော်​ ဆုံးရှုံးခဲ့​ကြောင်း ကလေးမြို့မရဲစခန်းမှ သတင်းရရှိသည်​။

စည်​သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar/
အင်​ဗာတာမီးအားမြင့်​စက်​မှတစ်​ဆင့်​ ဘုရားကျောင်းရုံးခန်း မီး​လောင်​ကျွမ်း  အင်​ဗာတာမီးအားမြင့်​စက်​မှတစ်​ဆင့်​ ဘုရားကျောင်းရုံးခန်း မီး​လောင်​ကျွမ်း Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.