ရခိုင်ပြည်နယ် ၊ မြေပုံမြို့နယ်မှာ ကြက်ဆူသီးစားမိရာက အော့အန် ၊ ၀မ်းသွားပြီး ကျောင်းသား ၊ ကျောင်းသူ (၄၈)ဦးဆေးရုံတက်ကုသခဲ့ရပါတယ်။
အခုလ ဇန်န၀ါရီ (၂၄)ရက်က ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ၀က်ခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲက ဒုတိယတန်းနဲ့ တတိယတန်း ကျောင်းသားတွေဟာ ကျောင်းပတ်ဝန်းကျင်မှာစိုက်ထားတဲ့ ကြက်ဆူသီးတွေ စားမိပြီး အော့အန်မူးဝေ၊ ၀မ်းသွားခဲ့တာကြောင့် ဆေးရုံတင်ကုသခဲ့ရတယ် လို့ မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျောင်းသား(၉)ဦးကို အတွင်း လူနာအဖြစ် ကုသခဲ့ရပြီး နောက်တစ်နေ့ မနက်ပိုင်း မှာဆေးရုံကဆင်းခွင့်ပြုလိုက်တယ်လို့လည်း သိရပါတယ်။ ဒီလိုဖြစ်ပွားခဲ့တာကြောင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၀က်ခေါင်းကျေးရွာကိုသွားရောက်ပြီး ကျန်းမာရေး အသိပညာပေးမှုတွေ ပြုလုပ်ဖို့စီစဉ်နေပါတယ်။
သတင်းထောက် - မြတ်ဝေ (စစ်တွေ) (5 PLUS NEWS)
5 Plus News
https://www.facebook.com/5plusnews/
မြေပုံမြို့နယ်မှာ ကြက်ဆူသီးစားမိရာက ကျောင်းသား ၊ သူ (၄၈) ဦး ဆေးရုံတက်ကုသရ
Reviewed by THITHTOOLWIN
on
17:14
Rating: