ဆိုင်​ကယ်​နှစ်​စီး​မျက်​နှာချင်းဆိုင်​တိုက်​မိ၍ ​မောင်းသူနှစ်​ဦးလုံး​ သေဆုံး


က​လေး၊ဇန်​နဝါရီ ၇။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ က​လေးမြို့တွင်​ ဇန်​နဝါရီ ၆ရက်​​နေ့၊ ည၇:၃၀ခန့်​က ကြို့သုံးပင်​ရပ်​ကွက်​၊ ခင်သာဘုန်းကြီး​ကျောင်း​ရှေ့၊ ​ဗိုလ်​ချုပ်​လမ်းမ​ပေါ်တွင်​ ဆိုင်​ကယ်​နှစ်​စီး မျက်​နှာချင်းဆိုင်​တိုက်​မိပြီး မောင်းနှင်သူ အမျိုးသားနှစ်​ဦးစလုံး​ သေဆုံးသွား​ကြောင်း ကလေးမြို့မရဲစခန်းမှ သတင်းရရှိသည်​။

ဗိုလ်ချုပ်လမ်း အ​နောက်​မှ အ​ရှေ့သို့​ မောင်းနှင်​လာသည့်​နံပတ်​မပါ တရုတ်​နိုင်​ငံထုတ်​ ကင်​ဘို ၁၂၅အနက်​​ရောင်​နှင့်​အ​ရှေ့မှ အ​နောက်​သို့​ မောင်းနှင်​လာသည့်​ နံပတ်​မပါတရုတ်​နိုင်​ငံထုတ်​ ကလစ်​အပြာနု​ရောင်​ဆိုင်​ကယ်​တို့ လမ်းအလယ်​တွင်​ မျက်​နှာချင်းဆိုင်​ တိုက်​မိပြီး ​အသက်​၁၉နှစ်​အရွယ် အမျိုးသားတစ်ဦးနှင့် အသက်​ ၂၁နှစ်​အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ခြင်း ​ဖြစ်သည်။

ယာဉ်​ကို မဆင်​မခြင်​​မောင်းနှင်​သူ ​သေဆုံးသူနှစ်​ဦးလုံးအား ယာဉ်​ (ပ) ၃/ ၂၀၁၇၊ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က ဖြင့်​အမှုဖွင့်​ အ​ရေးယူထား​ကြောင်း က​လေးမြို့မရဲစခန်းမှ သိရသည်​။

စည်​သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ဆိုင်​ကယ်​နှစ်​စီး​မျက်​နှာချင်းဆိုင်​တိုက်​မိ၍ ​မောင်းသူနှစ်​ဦးလုံး​ သေဆုံး ဆိုင်​ကယ်​နှစ်​စီး​မျက်​နှာချင်းဆိုင်​တိုက်​မိ၍ ​မောင်းသူနှစ်​ဦးလုံး​ သေဆုံး Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.