ကျောက်မဲမြို့နယ်ရှိ၊ ကျောက်ထုတ်လုပ်ငန်းတစ်ခုတွင် ကျောက်တုံးပြိုကျ၍ တစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ


ကျောက်မဲ၊ဇန်န၀ါရီ ၇ ။

၂၀၁၇ ခုနှစ်၊ဇန်န၀ါရီလ ၇ ရက် ၊ယနေ့၊နေ့လယ် ၁၁ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်၊ ပန်သပြေ၊ကျေးရွာ အနီးရှိ ၂၇ မိုင်ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင်ကျောက်တုံးပြိုကျမှုကြောင့် ကျောက်တွင်းလုပ်သားတစ်ဦးသေဆုံးခဲ့ပြီး၊ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်းကျောက်မဲမြို့ရှိ AHN သတင်းထောက်ကယနေ့နေ့လယ်ပိုင်းတွင်သတင်းပေးပို့သည်။


“လမ်းဦးစီးဌာနကို သွင်းတဲ့ကျောက်တွေထုတ်လုပ်တဲ့ ၂၇ မိုင်စခန်းမှာဖြစ်ခဲ့တာပါ။ဒီနေ့နေ့လယ် ၁၁နာရီလောက်ကဖြစ်တာပါ။ကျောက်ထုတ်လုပ်သား ၂၅ ဦး အလုပ်လုပ်နေတုန်း ၈ ပေအမြင့်ရှိတဲ့နေရာကနေကျောက်တုံးကြီးတစ်တုံးပြုတ်ကျတယ်၊ လုပ်သားအများစုကရှောင်လိုက်နိုင်ပေမယ့် သေဆုံးသွားတဲ့ လူငယ်နဲ့ဒဏ်ရာရတဲ့လူငယ်သုံးဦးကမရှောင်နိုင်တာကြောင့်အခုလိုဖြစ်သွားတာလို့ အဲဒီကျောက်ထုတ်လုပ်ငန်းက အလုပ်သမားတစ်ဦးကျွန်တော့်ကိုကျောက်မဲဆေးရုံမှာပြောပြပါတယ်။ သေဆုံးသူရော၊ ဒဏ်ရာရတဲ့သူတွေကိုပါ ကျောက်မဲဆေးရုံပို့ထားပါတယ်။သေဆုံးတဲ့လူငယ်ကအသက် ၂၄ နှစ်ရှိတဲ့လူငယ်ပါ။သူက ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊တိုင်တစ်ရာကျေးရွာဇာတိလို့သိရပါတယ်။ ဒဏ်ရာရတဲ့လူငယ် သုံးဦးကတော့ မစိုးရိမ်ရပါဘူး။အခုကျောက်မဲဆေးရုံမှာ ရဲတွေလည်းရောက်နေပါတယ်။ လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ကျွန်တော် အခု ကျောက်မဲဆေးရုံကနေသတင်းပေးပို့နေတာပါ̓ “ ဟု AHN သတင်းထောက်ကပြောသည်။

ဓါတ်ပုံ - facebook
မင်္ဂလာထွန်း (KME- AHN)
The Asia Heart News
ကျောက်မဲမြို့နယ်ရှိ၊ ကျောက်ထုတ်လုပ်ငန်းတစ်ခုတွင် ကျောက်တုံးပြိုကျ၍ တစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ ကျောက်မဲမြို့နယ်ရှိ၊ ကျောက်ထုတ်လုပ်ငန်းတစ်ခုတွင် ကျောက်တုံးပြိုကျ၍ တစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.