မွန်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော်အကြီးအကဲတွေကိစ္စ ဦးဥာဏ်ဝင်း ပြော

NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်။ Photo: Thiha Tun/RFA
တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ တို့ထဲက တစ်ဦးဟာ တိုင်ကြားချက်တွေနဲ့ ငြိစွန်းနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

တိုင်ကြားခံထားရသူ ၃ ဦးနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိထားတဲ့အခြေအနေကို ဒီနေ့ ရန်ကုန်မြို့က ပါတီရုံးချုပ်မှာ သတင်းသမားတွေက မေးမြန်းစဉ် ဦးဥာဏ်ဝင်းက အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ပြည်နယ်ဖံွ့ဖြိုးရေးလုပ်ဆောင်ပေးမှု မရှိတဲ့အပြင် ၀န်ကြီးချုပ် တစ်ဦးရဲ့တာဝန်တွေကို ကျေပွန်အောင်မထမ်းဆောင် လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တချို၊့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေက တိုင်ကြားထား တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဌ ဦးခင်မောင်အေးကိုတော့ လွှတ်တော်ရေးရာကော်မတီတွေ ဖွဲ့စည်းပေးနိုင်ခြင်း မရှိသေးတာကြောင့်ဆိုတဲ့ စွပ်စဲချက်၊ လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးကို လွှတ်တော်အဆောက်အအုံ ဆောက် လုပ်ဖို့ တင်ဒါခေါ်ယူရာမှာ မိသားစုဆွေမျိုးတွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်း လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးက တိုင်ကြားထားတာဖြစ်ပါတယ်။

တိုင်ကြားခံထားရသူ ၃ ဦးနဲ့ပတ်သက်ပြီး ဦးဥာဏ်ဝင်း၊ ဦးကျော်ဟိုးနဲ့ ဒေါက်တာမျိုးညွန့်တို့ ၃ ဦးပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ တိုင်ကြားထားသူတွေနဲ့ တိုင်ကြားခံထားရသူတွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ အစီရင်ခံစာ တင်ပြထားပြီးဖြစ် တယ်လို့ သိရပါတယ်။

တိုင်ကြားခံထားရသူ ၃ ဦးနဲ့ပတ်သက်ပြီး အရေးယူမှုအပိုင်းကို မကြာခင်မှာ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
မွန်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော်အကြီးအကဲတွေကိစ္စ ဦးဥာဏ်ဝင်း ပြော မွန်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော်အကြီးအကဲတွေကိစ္စ ဦးဥာဏ်ဝင်း ပြော Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.