စစ်တွေမြို့မှာ ညဈေးတန်း တစ်ခု တည်ဆောက်ဖို့စီစဉ်


ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက် ကမ်းနားလမ်းမှာ ရခိုင်ပြည်နယ်စည်ပင် သာယာရေးအဖွဲ့က ညဈေးတန်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ စစ်တွေမြို့ရဲ့ အဓိကလမ်းမကြီးသုံးခုပေါ်မှာ ရောင်းချနေတဲ့ ပျံကျဈေးသည်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း စနစ်တကျရောင်းချ နိုင်ဖို့ နဲ့ စစ်တွေမြို့ မြိုတော်အင်္ဂါရပ်နဲ့အညီ ညဈေးတန်းတစ်ခု ဖြစ်ပေါ်လာဖို့အတွက် အခုလိုစီစဉ်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးကပြောပါတယ်။

 လက်ရှိမှာညဈေးတန်း တည်ဆောက်ရေးအတွက် မြေညှိမြေဖို့တဲ့လုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့သိရပါတယ်။ အခုတည်ဆောက်နေတဲ့နေရာဟာ ဆုထူးစံ ကုမ္ပဏီက မြို့လည်ချောင်းပြန်လည်တူးဖေါ်စဉ်က ဖေါ်ထုတ်ခဲ့တဲ့မြေ (၀.၈) ဧကမှာတည်ဆောက်နေတာဖြစ်ပြီး ကွန်ကရစ်ခင်းခြင်း၊ ရေ၊လျှပ်စစ်မီး တပ်ဆင်ခြင်းလုပ်ငန်းတွေပြီးစီးပါက လာမယ့်နှစ်လအတွင်းမှာအကွက်ရိုက်ပြီး ငှားရမ်း ပေးသွားမှာဖြစ်တယ်လို့ ဦးကျော်မိုးကပြောပါတယ်။

စည်ပင်သာယာရေးအဖွဲ့ရဲ့ စာရင်းတွေအရ စစ်တွေမြို့မှာ ပျံကျဈေးသည်တစ်ရာကျော်ခန့်ရှိ ပြီး ညဈေးတန်းတည်ဆောက်ရေးအတွက် ငွေကျပ်သန်း (၄၀)ကျော်ခန့်ကုန်ကျမယ် လို့သိရပါတယ်။

သတင်း/ ဓာတ်ပုံ - မြတ်ဝေ(စစ်တွေ) (5 Plus News)
5 Plus News
https://www.facebook.com/5plusnews/
စစ်တွေမြို့မှာ ညဈေးတန်း တစ်ခု တည်ဆောက်ဖို့စီစဉ်  စစ်တွေမြို့မှာ ညဈေးတန်း တစ်ခု တည်ဆောက်ဖို့စီစဉ် Reviewed by THITHTOOLWIN on 07:47 Rating: 5
Powered by Blogger.