![]() |
သာစည် ရဲကင်းစခန်းနယ်မြေအတွင်း အမည်မသိ သေဆုံးပုတ်ပွနေသည့် အလောင်းတစ်လောင်တွေ့ |
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၊ နှောပင်(တောင်) ကျေးရွာ၏ အနောက်ဘက် (၂)ဖာလုံခန့်အကွာ ပဲစင်ငုံ ယာခင်းအတွင်း ဇန္န၀ါရီ ၁၇ ရက် ညနေ ၅ နာရီအချိန်က အမည်မသိ သေဆုံးပုတ်ပွနေသည့် အမျိုးသား အလောင်း တစ်လောင်းအား တွေ့ရှိရသဖြင့် အင်တိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြင်သန်းမှ သာစည် ရဲကင်းစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။
အဆိုပါ အကြောင်းကြားချက်များအရ သာစည်ရဲကင်း စခန်းမှူး ရဲအုပ် နိုင်စိုးနှင့်အဖွဲ့က အလောင်းတွေ့ရှိသည့် နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။ ထို့နောက် သေဆုံးသူမှာ မည်သူ မည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် အနီးကျေးရွာများသို့ ဆက်သွယ်၍ မေးမြန်းစုံစမ်း ခဲ့သော်လည်း အဖြေမှန် မသိရှိရသေးကြောင်း သာစည် ရဲကင်းစခန်းမှ အတည်ပြုပြောကြားသည်။
ထို့အပြင် သေဆုံးသူမှာ အသက်(၃၅)နှစ်အရွယ်ဟု ခန့်မှန်းထားရှိပြီး ဖိနပ်မှာ အပြာရောင်ဖော့ဖိနပ်ဖြစ်သည်။ အင်္ကျီမှာ အ၀ါ၊ အနက်၊ ခရမ်းနုရောင်များပါဝင်သော ဇင်းကြား လက်ရှည်နှင့် ခရမ်းရောင် အနက်ဖောက် ကွက်စိပ် ပုဆိုအား ၀တ်ဆင်ထားသူဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
အဆိုပါ သေဆုံးပုတ်ပွနေသည့် အလောင်းအား မှုခင်း ဆေးပညာအရ ဆက်လက်၍ စီစစ်ဆောင်ရွက်နိုင်ရန် ရဲအုပ် နိုင်စိုးမှ မုံရွာနယ်မြေ ရဲစခန်းသို့သွားရောက်ပြီး သေမှုသေခင်း အမှတ်စဉ် ၁/ ၂၀၁၇ အရ အမှု ရေးဖွင့် ကာ အလောင်းအား မုံရွာပြည်သူ့ဆေးရုံကြီး ရင်ခွဲဆောင် သို့ ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။
ကိုတိုးကြီး
မှတ်ချက်။ ဤဓာတ်ပုံအား သေဆုံးသူ၏ မိသားစုဝင်များ သိရှိနိုင်ရန်နှင့် သေဆုံးသူအား အလောင်းပိုင်ရှင်မှန် ပေါ်ပေါက်ရေးအတွက် ရည်ရွယ်၍ တင်ပြခြင်းဖြစ်သည်။ အခြား အထိတ်တလန့်ဖြစ်စေလိုသော ရည်ရွယ်ချက် များ ပါဝင်ခြင်း မရှိပါကြောင်း...
သတင်း၊ + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာမြို့ နယ်မှာ သေဆုံးပုတ်ပွနေသည့် အလောင်းတစ်လောင်တွေ့
Reviewed by THITHTOOLWIN
on
07:27
Rating:
