အကြမ်းဖက်သောင်းကျန်းသူများပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁ ဦး လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာရရှိ |
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ပြည်သူ့ဆေးရုံ၌ သေနတ်ကျည်ဆံ ထိမှန်ဒဏ်ရာဖြင့် လူနာတစ်ဦး တက်ရောက်ကုသနေကြောင်း သတင်းအရ ဇန်န၀ါရီ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဆေးရုံသို့ သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ သေနတ်ကျည်ဆံထိမှန်ဒဏ်ရာရသူ၏ ပြောကြားချက်အရ ၎င်းမှာ နမ့်ခမ်းမြို့နယ်၊ ကြူဆိုင်းကျေးရွာနေ ဒေါ်ယားမုံဖြစ်ကြောင်း၊ ဇန်န၀ါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တစ်ရွာတည်းနေ ဒေါ်မာရေးအောင်ခမ်း၊ ဒေါ်အီမွန်တို့နှင့်အတူ ကျေးရွာအနီးရှိ ၎င်းပိုင်ဆိုင်သည့် တောင်ယာခင်း၌ ကြံစိုက်ပျိုးရန် မြေပြုပြင်နေစဉ် သေနတ်သံ ၁ ချက်ကြားခဲ့ရပြီး ၀ဲဘက်လက်မောင်းတွင် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းဒဏ်ရာအား နေအိမ်၌ပင်ကုသနေရာမှ မသက်သာသဖြင့် ဇန်န၀ါရီ ၂၂ ရက်တွင် နမ့်ခမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး ဒဏ်ရာအားခွဲစိတ်ကုသရာ လက်မောင်းအတွင်းမှ အမ် ၂၂ ကျည်ဆံထိပ်ဖူးတစ်ခုကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းကျည်ဆံအမျိုးအစားမှာ အကြမ်းဖက်သောင်းကျန်းသူများ ကိုင်ဆောင်သည့် ကျည်ဆံအမျိုးအစားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
တပ်မတော်စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား အများပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
နမ့်ခမ်း ဒေသခံပြည်သူ ၁ ဦး လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
19:27
Rating: