![]() |
ၾသစေတးလ် လွှတ်တော်အမတ် Luke Gosling (Australian labor party) |
နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ သူမအနေနဲ့ သြစတေးလျနိုင်ငံ Darwin မြို့ကို လာလည်ဖို့အတွက်လည်း ဖိတ်ကြားသွားမယ်လို့ မစ္စတာ Gosling က ပြောပါတယ်။
သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ ပါဝင်တဲ့ သြစတေးလျ အစိုးရရဲ့ အခန်းကဏ္ဍကို ပိုမို သိရှိ နားလည်ဖို့အပြင်၊ မြန်မာအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ အရာရှိတွေ၊ NGO နဲ့ စီးပွားရေးလုပ်ငန်းပိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တီထွင်ကြံဆမှု၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍစုံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့အတွက် ဖြစ်တယ်လို့ မစ္စတာ Gosling က ပြောပါတယ်။
ဇန်န၀ါရီလ ၁၅ ရက်နေ ၂၂ ရက်နေ့အထိ ၇ ရက်ကြာမယ် ဒီခရီးစဉ်ကို Save the Children အဖွဲ့က စီစဉ်တာဖြစ်ပြီး ကုန်ကျစားရိတ်အားလုံးကို Bill and Melinda Gates Foundation က တာဝန်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
သြစတေးလျ လွှတ်တော်အမတ်နဲ့ ဒေါ်စုတွေ့ဆုံမည်
Reviewed by THITHTOOLWIN
on
07:59
Rating:
