နမ့်မဖြစ်ကျေးရွာ အ.လ.က ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံရ


ဇန်န၀ါရီလ ၁၈

ဖားကန့်မြို့ နယ် နမ့်မဖြစ်ကျေးရွာ အလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြ ကျောင်းဆရာဦးအောင်ဇင်ထွန်း(အသက် ၂၇ ၊ အဘ ဦး​ကျော်​ရှိန်​)  ယနေ့ နံနက်ပိုင်းက ဂျာလန်လမ်းခွဲတွင် သတ်ဖြတ်ခံခဲ့ရကြောင်း ပညာရေးဝန်ထမ်း တစ်ဦးကပြောသည်။

" ၈ နာရီ ၄၅ မိနစ်လောက်မှာ ဆရာနဲ့တွေ့ချင်တယ်လို့လာပြောတယ်။ ဆရာက အိပ်ရာမထသေးဘူးထင်တယ်ကောလို့ ကျမတို့တွေကပြောတယ်။ ဆရာကိုလည်း မထွက်ခဲ့လို့ဆိုပြီးတော့ သွားပြောတယ်။ ခဏလေးပဲ ကျွန်တော်တို့ ကိုယ်တိုင်လာပြန်ပို့ပါမယ်ဆိုပြီးတော့မှ ခေါ်သွားတာ။ ကျမတို့တွေကလည်း အုပ်ချုပ်ရေးမှုးတွေကို ဖုန်းဆက်တယ်။ အုပ်ချုပ်ရေးတွေရောက်ခဲ့ပြီးမှ ကျောင်းကော်မတီတွေနဲ့ လိုက်သွားတာကိုမှ အုပ်ချုပ်ရေးမှုးတို့က ကားနဲ့လိုက်သွားတယ်။ သူတို့က ဆိုင်ကယ်နဲ့ဆရာကို တင်သွားတာ။ အဲမှာတင်မျက်ခြေပျက်ပြီးတော့ တစ်ခါတည်း သတ်လိုက်တာ။ " ဟု ၄င်းကဆက်လက်ပြော ကြားသည်။

ယနေ့နံနက်ပိုင်း ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို ယနေ့နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် အမည်မသိ အရပ်သားဝတ်လက်နက်ကိုင်နှစ်ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ပြီး လမ်းခွဲတစ်နေရာတွင် သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် ကျောင်းဆရာ၏ ရုပ်အလောင်းကို မြင်တွေ့ခဲ့ရကြောင်း ၄င်း၏ပြောကြားချက်အရသိရသည်။

ကျောင်းဆရာသည် သတ်ခံရမှုမတိုင်ခင် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်နေ့ ၁၀ ရက်နေ့၌ပျက်ကွက်သည့်ကျောင်းသားများကို ဆုံးမခဲ့ကာ ကျောင်းသားမိဘများ မကြေနပ်သောကြောင့် ကချင်အဖွဲ့အစည်းများ တိုင်တန်းမှုများပြုခဲ့ကြောင်း ၊ ထိုတိုင်တန်းမှုကိုလည်း ကျောင်းဆရာအပါအ၀င် ကျောင်းတာဝန်ရှိသူများက ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဖြေရှင်းခဲ့ကြသည်။
" လူ့အခွင့်အရေးချိုးဖောက်မှုကိုလည်းပဲ ဆက်တင်သွားမယ်။ အရင်အဆက်ဆက်ကဖြစ်ပျက်ခဲ့တဲ့ဟာတွေရောပေါ့။ တရားဥပဒေစိုးမိုးရေးကိုတော့ ကျွန်တော်တို့ကနေပြီးတော့မှ ဘယ်လိုလုပ်ရမလည်းဆိုတာကိုတော့ ဖားကန့်လမ်းကို စစ်အုပ်ချုပ်ရေးကာလတစ်ရပ်အဖြစ်သတ်မှတ်ပြီးတော့မှ မြို့ဝင်မြို့ထွက်တွေမှာ မသင်ကာရင်မသင်ကာသလို ရှာဖွေသွားစေချင်တာပေါ့။ အခုဟာက လက်တိုတွေဟာ မြို့ထဲမှာ တော်တော်များများရောက်ထားတဲ့သဘောမျိုးရှိတယ်ဗျ။ " ဟု ရှမ်းမျိုးနွယ်စုရေးရာမှ(SEA) ဥက္ကဌက ပြောကြားသည်။

ဇန်န၀ါရီလ ၁၇ ရက်နေ့တွင်လည်း နမ့်ဆန်ခါကျေးရွာ ရှမ်းနီပါတီဝင် ကိုမောင်တိုးသည် နေအိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

The Voice of Shan-Ni
နမ့်မဖြစ်ကျေးရွာ အ.လ.က ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံရ   နမ့်မဖြစ်ကျေးရွာ အ.လ.က ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.