ပြည် - ဥသျှစ်ပင်လမ်းတွင် ကျောက်ကားတစ်စီး တိမ်းမှောက် ယာဉ်နောက်လိုက်သေဆုံး


ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ - ဥသျှစ်ပင်လမ်းတွင် ဇန်န၀ါရီလ ၂၆ ရက်နေ့က နေ့လည်က ကျောက်စရစ်တင်ကားတစ်စီး သစ်ပင်ကို ၀င်ရောက် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ယာဉ်နောက်လိုက် သေဆုံးခဲ့ကြောင်း သိရှိရသည်။


 ဖြစ်စဉ်မှာ ဥသျှစ်ပင်မြို့ဘက်မှ ပြည်မြို့ဘက်သို့ ကျောက်စလစ်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်ကို ယာဉ်နောက်လိုက်မှ တက်မောင်းရာ အရှိန်မထိန်းနိုင်ပဲ လမ်းဘေးသစ်ပင်အား တိုက်မိ၍ ကားတိမ်းမှောက်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
 “ယာဉ်မတော်တဆဖြစ်တာက လမ်းအကွေ့နေရာမှာဖြစ်သွားတာပါ။ ဒေသအခေါ်ကတော့ ရှုခင်းသာ ဗျူးပွိုင့်အကွေ့ပါ။ စပါယ်ယာဖြစ်သူက တက်မောင်းတာလို့သိရတယ်။ စပါယ်ယာကသေဆုံးသွားပြီး ယာဉ်မောင်းအမှန်ကတော့ သာမှန် ဒဏ်ရာလောက်ရတယ်။”ဟု န၀ဒေးတံတားရဲကင်းမှ ရဲအရာရှိကပြောသည်။


ယာဉ်တိုက်မှုကြောင့် ယာဉ်နောက်လိုက်မှာ ဦးခေါင်းကြွေမွဒဏ်ရာများရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ခဲ့သော်လည်း သေဆုံးနေပြီဖြစ်ကြောင်းနှင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအား ပြည်အခြေအစိုက် လူမှုကူညီရေးအဖွဲ့များမှ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံးသို့ပို့ပေးခဲ့ကြောင်း သိရသည်။


 ယာဉ်မတော်တဆမှုကြောင့် ကျောက်စလစ်ကုန်တင်ယာဉ်အား တက်မောင်းသော သေဆုံးသူ အသက် ၄၀ အရွယ် ယာဉ်နောက်လိုက် အမျိုးသားအား ယာဉ်မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)အရ အမှုဖွင့် အရေးယူထားကြောင်း ပန်းတောင်းမြို့မ ရဲစခန်းမှ သိရသည်။

ဓါတ်ပုံ - Myanmar Rescue(Pyay)
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပြည် - ဥသျှစ်ပင်လမ်းတွင် ကျောက်ကားတစ်စီး တိမ်းမှောက် ယာဉ်နောက်လိုက်သေဆုံး  ပြည် - ဥသျှစ်ပင်လမ်းတွင် ကျောက်ကားတစ်စီး တိမ်းမှောက် ယာဉ်နောက်လိုက်သေဆုံး Reviewed by THITHTOOLWIN on 05:54 Rating: 5
Powered by Blogger.