မလေးရှားနိုင်ငံက တက္ကသိုလ်ဆရာဟောင်းတစ်ယောက်ဖြစ်တဲ့ ဒေါက်တာမာမွတ်အာမက်ဟာ
အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းက အစ္စလာမ် စစ်သွေးကြွတွေကို အကြမ်းဖက်ဝါဒသင်တန်းပေးနေတဲ့အတွက် မလေးရှားအာဏာပိုင်တွေက သူ့ကို အပူတပြင်းရှာဖွေနေပါတယ်။
သူ့ကိုခြေရာခံဖမ်းနိုင်ဖို့ ဖိလစ်ပိုင်က သူ့လိုတာဝန်ရှိပုဂ္ဂိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မလေးရှား ထောက်လှမ်းရေးရဲချုပ် ခါလစ် ကပြောပါတယ်။ မာမွတ်အာမက်ဟာ IS အဖွဲ့ရဲ့
တာဝန်ပေးချက်အရ လူသူစုဆောင်းနေတယ်လို့ စွပ်စွဲခံထားရပါတယ်။
နိုင်ငံတကာ စစ်သွေးကြွတွေဟာ ဖိလစ်ပိုင်တောင်ပိုင်းကိုသွားဖို့ မလေးရှား ဆာဘားပြည်နယ်က ပင်လယ်လမ်းကြောင်းကို အသုံးပြုကောင်း ပြုနိုင်တယ်လို့ ရဲချုပ်ကပြောပါတယ်။ အဲဒီလမ်းကို ကုန်သွယ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေကလည်း မကြာခဏအသုံးပြုနေတာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားမှာ စစ်သွေးကြွတွေကို အကြမ်းဖက်ဝါဒပို့ချ
Reviewed by THITHTOOLWIN
on
12:19
Rating:
