နေပြည်တော်၊ ဇန်နဝါရီ ၁၉
ဇန်န၀ါရီလ (၁၉)ရက်နေ့ ယနေ့ ၀၀း၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၀၈/၄-၅)ကြား၌ မကွေးဘက်မှ မန္တလေးဘက်သို့ မိတ္ထီလာမြို့နယ်၊ ကြာကန်ကျေးရွာနေ နန်းအောင်(၂၆)နှစ်မောင်းနှင်လာသည့် ပန်တော်ဦး ခရီးသည်တင်ယာဉ်အား လမ်းအရှေ့ဘက်မှ လူငယ် (၂)ဦးက ခဲဖြင့်ပစ်ပေါက်ခဲ့သောကြောင့် ယာဉ်၏ယာဘက်နောက်တံခါးမှန်ကွဲအက်ခဲ့၍ တန်ဖိုးငွေကျပ် (၆၅၀,၀၀၀)ခန့်ဆုံးရှုံးခဲ့သည်။
ယာဉ်မောင်း နန်းအောင်နှင့်အဖွဲ့မှ အဆိုပါလူနှစ်ဦးအား လိုက်လံဖမ်းဆီးရာ မလှိုင်မြို့နယ်၊ ကူးကြီးကျေးရွာနေ ကျော်နိုင်ဝင်း(၂၀)နှစ်အား ဖမ်းဆီးရမိခဲ့သဖြင့် သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းသို့ လာရောက် အပ်နှံသောကြောင့် တပ်ဖွဲ့ဝင်များက စစ်ဆေးရာ ၎င်းနှင့်အတူ တစ်ရွာတည်းနေ ဖိုးသား(ခ)ချစ်စမ်းမောင်(၁၇)နှစ်မှ ထန်းရည်မူးပြီး ခဲဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ ကျော်နိုင်ဝင်းနှင့် ဖိုးသား(ခ)ချစ်စမ်းမောင် တို့အား သီးကုန်းအမြန်လမ်းမကြီးရဲစခန်း(ပ)၆၁/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉-က ဖြင့် အရေးယူထားကြောင်းနှင့် ဖိုးသား(ခ)ချစ်စမ်းမောင်အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်ကိုခဲဖြင့် ပေါက်သူများအား အရေးယူထား
Reviewed by THITHTOOLWIN
on
20:12
Rating:
