![]() |
NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA |
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို စိစစ်ပြီး အရည်အသွေးမြှင့်တင်ပေးဖို့အတွက် အခုလို ဖွဲ့စည်းရတာဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်က ပြောပါတယ်။
စွမ်းဆောင်ရည်နည်းပါတဲ့ ကိုယ်စားလှယ်တွေကို သင်တန်းတွေပေးတာ၊ အရည်အသွေးမြှင့်တင်တာတွေ ပြုလုပ် မှာဖြစ်ပြီး ဖြုတ်ထုတ်သတ်လုပ်မှာ မဟုတ်ဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့အဖွဲ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွန့်၊ မန္တလေးတိုင်း အင်န်အယ်လ်ဒီပါတီဥက္ကဌ ဦးတင်ထွဋ်ဦးနဲ့ ဒေါ်လဲ့လဲ့ တို့ပါဝင်ပါတယ်။
အဖွဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေနဲ့ ပတ်သတ်ရင်တော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်ပြပြီး ဘယ်လိုအရေးယူသင့် တယ်ဆိုတာ အကြံပြုမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
အင်န်အယ်လ်ဒီပါတီက ပြည်သူ၊ အမျိုးသားနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ် ၈၈၀ ကျော်ရှိပြီး ၆၀ ကျော်ကို တိုင်ကြားခံထားရတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
လုပ်ငန်းစွမ်းဆောင်ရည်လေ့လာ စိစစ်ရေးအဖွဲ့ ဖွဲ့စည်း
Reviewed by THITHTOOLWIN
on
19:58
Rating:
