ဆိုင်​ကယ်​ မ​တော်​တဆမှု​ကြောင့် သာယာဝတီမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး (ဦးစီးအရာရှိ) တ​ဦး သေဆုံး
ဇန်​နဝါရီလ ၂၆ ရက်​၊ ၂၀၁၇ ခုနှစ်
သာယာဝတီမြို့နယ်​ ​ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး (ဦးစီးအရာရှိ) ဦးတင့်လွင် ဆိုင်​ကယ်​ မ​တော်​တဆမှု​ကြောင့် ယမန်​​နေ့ ဇန်​နဝါရီလ ၂၅ ရက်​​နေ့ ည ၉ နာရီ ၅၀ မိနစ်​က ​သေဆုံးသွား​ခဲ့ကြောင်း သိရှိရပါတယ်​။
ဆိုင်ကယ်မှောက်ရာတွင် ညာဘက်​မေးရိုး အပေါ်ဘက်​၌ ပွန်းပဲ့ပြီး ညာဘက်​ဝမ်းဗိုက်၏ နံရိုး အက်ခါ အဆုတ်တွင် ပွန်းပဲ့ကာ သွေးယို စီးမှုဖြစ်ပြီး ဦးနှောက် မှတ်ဥာဏ် ချွတ်​ယွင်းသွားခဲ့တယ်​လို့ သိရှိရပါတယ်​။
သွေးပေါင်ချိန်သည် သတ်မှတ်ထားသည်ထက် ​လျှော့နည်းနေပြီး ရန်ကုန်ဆေးရုံကြီးသို့ အချိန်​မီလွဲပြောင်းရန် စီစဉ်နေစဉ် အသက်​ရှုရပ်သွားရာ တာဝန်ကျ ဆရာဝန်များ အလျှင်​အမြန် ဆောင်ရွက်ပေးခဲ့​သော်လည်း အသက်ဆုံရှုံး သွားခဲ့​ကြောင်း သိရှိရပါသည်။
စတင်အခင်းဖြစ်ချိန် ၉း၁၀ ဖြစ်ပြီး သေဆုံးချိန်မှာ ၉း၅၀ ဖြစ်တယ်။
ကိုဖိုးစန်း (သာယာဝတီ) မှ သတင်း​ပေးပို့ပါသည်​။
ဆိုင်​ကယ်​ မ​တော်​တဆမှု​ကြောင့် သာယာဝတီမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး (ဦးစီးအရာရှိ) တ​ဦး သေဆုံး  ဆိုင်​ကယ်​ မ​တော်​တဆမှု​ကြောင့် သာယာဝတီမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး (ဦးစီးအရာရှိ) တ​ဦး သေဆုံး Reviewed by THITHTOOLWIN on 12:32 Rating: 5
Powered by Blogger.