ရုရှားအပေါ်ပိတ်ဆို့ထားမှုများ ဖြေလျှော့ပေးရန် စောလွန်းသေးကြောင်း ထရမ့်ပြောကြား


ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ယူကရိန်းပဋိပက္ခကြောင့် ရုရှားနိုင်ငံ အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ပြောဆိုရန် စောလွန်းနေသေးကြောင်း ဇန်နဝါရီ ၂၇ ရက်ကပြောကြားခဲ့သည်။

“ရုရှားအပေါ် ပိတ်ဆို့ထားမှုတွေအရ ဒီအကြောင်းတွေကို ပြောဖို့အတွက် အရမ်းစောနေပါသေးတယ်” ဟု ထရမ့် က ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ တာဝန်ရှိသူများ နှင့် ကရင်မလင်နန်းတော်မှ ထုတ်ပြန်ချက်များအရ ဇန်နဝါရီ ၂၈ရက်တွင် ထရမ့် နှင့် ရုရှားသမ္မတ ပူတင်တို့ တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများအား ချေမှုန်းခြင်း နှင့် အမေရိကန်နိုင်ငံ အတွက် အရေးကြီးသည့် အခြားသောကိစ္စရပ်များ လုပ်ဆောင်ခြင်းတို့တွင် အကူအညီပေးမည်ဟု သက်သေပြနိုင်ပါက ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးနိုင်လိမ့်မည်ဟု ထရမ့်က အရိပ်အမြွတ်ပြောကြားခဲ့သည်။

(ဆင်ဟွာ)
China Xinhua News
ရုရှားအပေါ်ပိတ်ဆို့ထားမှုများ ဖြေလျှော့ပေးရန် စောလွန်းသေးကြောင်း ထရမ့်ပြောကြား ရုရှားအပေါ်ပိတ်ဆို့ထားမှုများ ဖြေလျှော့ပေးရန် စောလွန်းသေးကြောင်း ထရမ့်ပြောကြား Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.