သီရိလင်္ကာမှာ တရုတ်စက်မှုဇုန်စီမံကိန်းကို ဆန္ဒပြ

ရာချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေကိုပါ အသုံးပြု နှိမ်နင်းခဲ့ပြီး သံဃာတော်တွေ အပါအဝင် လူအများအပြား ဒဏ်ရာရခဲ့
သီရိလင်္ကာနိုင်ငံမှာ တရုတ်နိုင်ငံက ကြီးကြပ်တဲ့ စက်မှုဇုန်စီမံကိန်းအတွက် ရွာသားထောင်ချီ ဖယ်ရှာခံရဖို့ အလားအလာ ရှိနေတာနဲ့ ပတ်သက်ပြီး ဆန္ဒပြသူနဲ့ ရဲတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။

ရာချီတဲ့ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေကိုပါ အသုံးပြု နှိမ်နင်းခဲ့ပြီး သံဃာတော်တွေ အပါအဝင် လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံရဲ့ ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ ဟမ်ဘမ်တော့တာမြို့မှာ ဝန်ကြီးချုပ်ကိုယ်တိုင် စက်မှုဇုန် စီမံကိန်းဖွင့်ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အစိုးရဟာ ဒီဒေသတဝိုက်ကို တရုတ်ကိုလိုနီ ဖြစ်အောင် လုပ်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

သီရိလင်္ကာ အစိုးရဟာ တရုတ်ဆောက်လုပ်တဲ့ ဆိပ်ကမ်းနဲ့ စက်မှုဇုန်နေရာကို တရုတ်အစိုးရကို ၉၉နှစ် သက်တမ်းရှိတဲ့ မြေငှားစာချုပ်နဲ့ ငှားရမ်းဖို့ ပြင်ဆင်နေပြီး ဒေသခံတွေကို မြေအစားပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
သီရိလင်္ကာမှာ တရုတ်စက်မှုဇုန်စီမံကိန်းကို ဆန္ဒပြ သီရိလင်္ကာမှာ တရုတ်စက်မှုဇုန်စီမံကိန်းကို ဆန္ဒပြ Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.