ကျီးကန်းပြင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူတစ်ဦး ဖမ်းဆီးရမိ


ဇန်န၀ါရီ ၂၈၊ ၂၀၁၇

တောင်ဘဇာနယ်မြေရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီ ၂၈ ရက် နံနက် ၄ နာရီချိန်တွင် သတင်းပေးချက်အရ ကျီးကန်းပြင်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား စိစစ်ဖော်ထုတ်ခဲ့ရာ ရော်ရှီအာမတ် (၃၂) နှစ် (ဘ) မူဇာဖော့အား ၎င်းနေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

စိစစ်မေးမြန်းချက်များအရ ရော်ရှီအာမတ်သည် ကျီးကန်းပြင်သို့ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိ တရားခံအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ကျီးကန်းပြင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူတစ်ဦး ဖမ်းဆီးရမိ  ကျီးကန်းပြင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူတစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.