သူငယ်ချင်းအိမ် အလည်သွားရာမှ သူငယ်ချင်းညီမအား သားမယားအဖြစ် ပြုကျင့်မှုဖြစ်


မိုးကောင်း ၊ ဇန္နဝါရီ - ၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမော်ကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်တွင် တစ်ရပ်ကွက်ထဲနေသူ သူငယ်ချင်း၏အိမ်သို့ အလည်သွားရာမှ အိမ်တွင်တစ်ဦးတည်းရှိနေသော သူငယ်ချင်း၏ ညီမအား သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန္နဝါရီ(၈)ရက်၊ နေ့လည်(၂)နာရီအချိန်ခန့်က မိုးကောင်းမြို့နယ်၊ ဆားမော်ကျေးရွာ၊အောင်မင်္ဂလာရပ်ကွက်နေ ရာဇာမင်းထင်(ခ)မာဆိုင်း(၂၁)နှစ်၊(ဘ)ဦးမင်းထင်သည် အရက်သေစာသောက်စားမူးယစ်ပြီး တစ်ရပ်ကွက်တည်းအတူနေထိုင်သော သူငယ်ချင်း၏နေအိမ်သို့ အလည်သွားရာ သူငယ်ချင်းမရှိ၍ မီးဖိုချောင်တွင် ထမင်းချက်နေသော သူငယ်ချင်း၏ ညီမ(......)အသက်(၁၆)နှစ်အား ရည်းစားစကားပြောဆိုပြီး လက်မခံသောအခါ အတင်းလက်ဆွဲပြီးနေအိမ်အိပ်ခန်းအတွင်းသို့ ဆွဲခေါ်ကာ အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်နေစဉ် ဆားမော်ချောင်းမှရေချိုး၍ပြန်လာသော (မ....)၏ ညီမဆဌမတန်းကျောင်းသူ(၁၃)နှစ်မှတွေ့ရှိကာ ဆားမော်ကျေးရွာရပ်ကွက်(၄)မှ အဒေါ်ဖြစ်သူကို အကြောင်းကြားခဲ့သည်။


အဒေါ်ဖြစ်သူမှ အမှုဖြစ်စဉ်နှင့် ပါတ်သက်ပြီး မိုးကောင်းမြို့မရဲစခန်းသို့ အကြောင်းကြားသဖြင့်
မိုးကောင်းမြို့မရဲစခန်းမှူးဒုရဲမှူးအေးကြူမှ အခင်းဖြစ်ပွားရာနေရာသို့ ချက်ခြင်းသွားရောက်ပြီး
စစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ ဖြစ်ရပ်မြေပုံကြမ်းရေးဆွဲခြင်း၊ တရားလိုအားမေးမြန်းခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာရေးပို့ခြင်းတို့ဆောင်ရွက်ခဲ့သည်။

တရားခံအား ယင်းနေ့ည(၇.၃၅)နာရီအချိန်တွင် ဖမ်းဆီးမိခဲ့ပြီး
သက်သေခံပစ္စည်းများအဖြစ်
အမျိုးသမီးဝတ်ထမီ(၁)ထည်
အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီ(၁)ထည်
အမျိုးသားဝတ်ပုဆိုး(၁)ထည်
အမျိုးသားဝတ်ဘောင်းဘီ(၁)ထည်အားသိမ်းဆည်းကာ
(ပ)၅/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၃၇၆အရမိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
သူငယ်ချင်းအိမ် အလည်သွားရာမှ သူငယ်ချင်းညီမအား သားမယားအဖြစ် ပြုကျင့်မှုဖြစ်  သူငယ်ချင်းအိမ် အလည်သွားရာမှ သူငယ်ချင်းညီမအား သားမယားအဖြစ် ပြုကျင့်မှုဖြစ် Reviewed by THITHTOOLWIN on 17:09 Rating: 5
Powered by Blogger.