စိုက်ပျိုးရေးလုပ်ကိုင်ခြင်း မရှိတဲ့ မြေဧက လေးသောင်း မန္တလေးတိုင်းအစိုးရ သိမ်းမယ်

လယ်ယာစိုက်ပျိုးတဲ့ မြေတွေကို တွေ့ရစဉ်။ Photo: RFA
မန္တလေးတိုင်းအတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်ခြင်းမရှိတဲ့ မြေယာဧက လေးသောင်းကျော်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူမှာဖြစ်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့ကပြောဆိုပါတယ်။

မြေတွေကို လာမယ့်ဧပြီလက စတင်သိမ်းယူမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီး ဦးစိုးသန်း က ပြောပါတယ်။ ဒီမြေတွေဟာ နှစ်ပေါင်းများစွာ ဘယ်သူမှ လုပ်ကိုင်ခြင်းမရှိတာကြောင့် နိုင်ငံတော်အကျိုး အတွက် ဆောင်ရွက်ရန် သိမ်းယူတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီမြေတွေပေါ်မှာ နေထိုင်သူတွေ ရှိ မရှိ ကွဲကွဲပြားပြားမသိရှိရဘူးလို့ AFP သတင်းတရပ်မှာ ဖေါ်ပြ ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
စိုက်ပျိုးရေးလုပ်ကိုင်ခြင်း မရှိတဲ့ မြေဧက လေးသောင်း မန္တလေးတိုင်းအစိုးရ သိမ်းမယ်  စိုက်ပျိုးရေးလုပ်ကိုင်ခြင်း မရှိတဲ့ မြေဧက လေးသောင်း မန္တလေးတိုင်းအစိုးရ သိမ်းမယ် Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.