ကျောက်တင်ဆိပ်မူလတန်းကျောင်းသို့ ဖောကားဝင်တိုက်မိရာမှ လေးတန်းကျောင်းသားတစ်ဦးသေဆုံး


ရခိုင်ဂေဇက်၊ ဇန်နဝါရီ ၂၈

ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာအုပ်စု ကျောက်တင်ဆိပ်ကျေးရွာရှိ အ.မ.က(ကျောက်တင်ဆိပ်) မူလတန်းကျောင်းအတွင်းသို့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၂ နာရီအချိန်က ဖောကားတစ်စီး ဝင်တိုက် မိရာမှ လေးတန်းကျောင်းသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါဖောကားသည် ကျောက်၊သဲ၊ အုပ်တင်သည့် ကားအမျိုးအစားဖြစ်ပြီး ကျောက်ဖြူမြို့မှ ရန်ကုန်ဘက်သို့သွားသည့်ကားလမ်းအတိုင်းမောင်းနှင်လာရာတွင် အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့မှရဲစခန်းမှ အမှုစစ်ရဲအရာရှိကပြောသည်။


"ကားကအရှိန်မထိန်းနိုင်ဘဲ ကျောင်းကိုဝင်တိုက်တယ်။ ကျောင်းထဲကိုကားဝင်တိုက်တာမှာ ၄ တန်း ကျောင်းသားတစ်ဦးကိုပါတိုက်မိပြီး သေဆုံးသွားခဲ့တယ်။ ကားဒရိုင်ဘာကတော့ ကားတိုက်မှု ဖြစ်ကတည်းက ထွက်ပြေးသွားတယ် "ဟု ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ် စိုးထွန်းနိုင်ကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းမှ ပ/၅/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) ၊ ၃၃၈၊ ၂၀၇ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

photo - စောမိုးကျော်

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ကျောက်တင်ဆိပ်မူလတန်းကျောင်းသို့ ဖောကားဝင်တိုက်မိရာမှ လေးတန်းကျောင်းသားတစ်ဦးသေဆုံး   ကျောက်တင်ဆိပ်မူလတန်းကျောင်းသို့ ဖောကားဝင်တိုက်မိရာမှ လေးတန်းကျောင်းသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.