ရန်ကုန်-မော်လမြိုင်သွား ရထားလမ်းပေါ်တွင် လူတစ်ဦးရထားကြိတ်ခံရပြီး ဦးခေါင်းပြတ်သေဆုံး


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွားရထားလမ်းပေါ်တွင် ဇန်နဝါရီ(၈) ရက်၊ ညပိုင်းက လူတစ်ဦးရထားကြိတ်ခံရသဖြင့် ဦးခေါင်းပြတ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဇင်းကျိုက်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် လူတစ်ဦးရထားကြိတ်ခံရပြီး သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ ရထားလမ်းမိုင်တိုင်အမှတ်(၁၅၅/၆)နှင့် (၁၅၅/၈)အ ကြားတွင် လူတစ်ဦးမှာ ရထားသံလမ်းပေါ် မှောက်လျက်အနေအထားဖြင့် ဦးခေါင်းပြတ်ထွက်သေဆုံးနေသည် ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
"သူက စိတ်နည်းနည်းလွတ်နေတယ်။ မနက်ပိုင်းက လယ်ထဲသွားမယ်ဆိုပြီးထွက်သွားတာ ပြန်မရောက်လာလို့ သူ့အိမ်ကလိုက်ရှာတာ၊ ညလောက်မှ ရထားကြိတ်ခံရပြီးသေဆုံးနေတဲ့အနေအထားနဲ့တွေ့လို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးကတဆင့် ဖုန်းဆက်အကြောင်းကြားလာတာပါ။ စုံစမ်းရသလောက်က နေပြည်တော်-မော်လမြိုင် အဆန် ရထားနဲ့ကြိတ်မိတယ်လို့တော့ သိရတယ်။ ကျန်တာကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။'' ဟု ပေါင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/ ၂၀၁၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သေဆုံးသူမှာ မောင်နိုင်(၄၂)နှစ်၊ ခလောက်အင်းရပ်ကွက်၊ ဇင်းကျိုက်မြို့နေသူဖြစ်ပြီး လယ်ကွင်းထဲသွားမည်ဟု နံနက်ပိုင်းတွင် နေအိမ်မှထွက်ခွာသွားရာ နေအိမ်သို့ပြန်လည်မရောက်ရှိဘဲ ရထားကြိတ်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရန်ကုန်-မော်လမြိုင်သွား ရထားလမ်းပေါ်တွင် လူတစ်ဦးရထားကြိတ်ခံရပြီး ဦးခေါင်းပြတ်သေဆုံး  ရန်ကုန်-မော်လမြိုင်သွား ရထားလမ်းပေါ်တွင် လူတစ်ဦးရထားကြိတ်ခံရပြီး ဦးခေါင်းပြတ်သေဆုံး Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.