ဆိုင်ကယ်နှင့် ကွန်တိန်နာယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ(၂)ဦးသေဆုံး


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ဇန်နဝါရီ ၂၅ ရက်၊ နေ့ လယ်ပိုင်းက လူငယ်(၂)ဦးစီးနင်းလာသောဆိုင်ကယ်နှင့် ကွန်တိန်နာယာဉ်တို့တိုက်မိသဖြင့် လူငယ်(၂)ဦးသေ ဆုံးသွားကြောင်း သိရှိရသည်။
"တိုက်တာက လမ်းလယ်မှာမျက်နှာချင်းဆိုင်တိုက်ကြတာ။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါလာတဲ့ (၂) ယောက်က ဖြစ်တဲ့နေရာမှာပဲသေသွားတယ်။ ကားသမားရော၊ ဆိုင်ကယ်မောင်းသူရော (၂)ဦးစလုံးကို အမှုဖွင့် ထားပါတယ်''ဟု ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 ဖြစ်စဉ်တွင် ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ကိုအုန်းလှိုင်(၅၀)နှစ် သထုံမြို့နေသူမောင်းနှင် လာသော CANTER ယာဉ်နှင့် မော်လမြိုင်ဘက်မှ သထုံဘက်သို့ ဆိုင်ကယ်မောင်း ဇော်နိုင်ထွန်း(၁၅)နှစ်၊ ပန်း ကုန်းကျေးရွာနေသူမောင်းနှင်ပြီး နောက်မှ မြတ်မင်းထက်(၁၅)နှစ်၊ ပန်းကုန်းကျေးရွာနေသူလိုက်ပါလာသော ဆိုင်ကယ်တို့တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်လိုက်ပါလာသူ ဇော်နိုင်ထွန်းနှင့် မြတ်မင်းထက်တို့မှာ ဒဏ်ရာများရရှိကာ အ ခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအုန်းလှိုင်နှင့် ဇော်နိုင်ထွန်းတို့ (၂)ဦးအား ပေါင်မြို့မရဲစခန်းမှ ယာဉ်(ပ) ၆/ ၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ -၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ဆိုင်ကယ်နှင့် ကွန်တိန်နာယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ(၂)ဦးသေဆုံး  ဆိုင်ကယ်နှင့် ကွန်တိန်နာယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်စီးလာသူ(၂)ဦးသေဆုံး Reviewed by THITHTOOLWIN on 12:08 Rating: 5
Powered by Blogger.