နေအိမ် ၂ လုံးမီးလောင်မှုကြောင့် အောင်ဆိပ်ကျေးရွာမှ ဒေါ်နွဲ့နွဲ့ဝင်း ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ခံရ


ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာမှ ဒေါ်နွဲ့နွဲ့ဝင်းအား နေအိမ် ၂ လုံး မီးလောင်မှုကြောင့် မီးပေါ့ဆမှု ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း ပုဏ္ဍားကျွန်း မြို့နယ် ရဲစခန်းမှ ရဲအုပ် စံရွှေလှ က နိရဉ္စရာသို့ ပြောသည်။

“ မီးလောင်တာက ပေါ့ဆမီးဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ နေလယ်မှာ စလောင်တာပါ။ နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးသွားပါတယ်။ ဒီအတွက် မီးစလောင်တဲ့ အောင်ဆိပ်ကျေးရွာမှ ဒေါ်နွဲ့နွဲ့ဝင်းကို မီးပေါ့ဆစွာ အသုံးပြုမှု ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်” ဟု ရဲအုပ်စံရွှေလှက ပြောသည်။


နေ့လယ် ၁၂ နာရီခန့်အချိန် ထမင်းချက်ရာမှ ကျန်နေခဲ့သော မီးကြွင်း မီးကျန်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ဒေါ်နွဲ့နွဲ့ဝင်အား အမှုဖွင့်ထားသော်လည်း အာမခံခြင်း ယမန်နေ့ကပင် ပြန်လွတ်ပေးလိုက်ကြောင်း ရဲအုပ်က ပြောသည်။

“ဆုံရှုံးမှု ကတော့ ၂ အိမ်ပေါင်း ၇နဲ့ ၈ သိန်း အကြားလောက်ရှိပါတယ်။ မီးလောင်ဆုံးရှုံးခဲ့တဲ့ နေအိမ်တွေက အောင်ဆိပ်ကျေးရွာရဲ့ အစွန်ဘက်မှာ တည်ရှိပါတယ်။ ဝါးထရံကာ၊ ဓနိ မိုးထားတဲ့ အိမ်တွေ ဖြစ်ကြပါတယ်” ဟု ရဲအုပ် စံရွှေလှမှ နိရဉ္စရာသို့ ပြောဆိုသွားသည်။

(ဓာတ်ပုံ- Khin San Shwe )
မဘုကေ၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
နေအိမ် ၂ လုံးမီးလောင်မှုကြောင့် အောင်ဆိပ်ကျေးရွာမှ ဒေါ်နွဲ့နွဲ့ဝင်း ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ခံရ  နေအိမ် ၂ လုံးမီးလောင်မှုကြောင့် အောင်ဆိပ်ကျေးရွာမှ ဒေါ်နွဲ့နွဲ့ဝင်း ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ခံရ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.