မိုးမိတ်ခရိုင် စင့်ကင့်ကျေးရွာတွင် ဆင်များ ဝင်ရောက်ဖျက်ဆီးရာ လူ ၅ ဦးသေဆုံး


မိုးမိတ် ဇန်နဝါရီ ၈

ရှမ်းပြည်(မြောက်ပိုင်း) မိုးမိတ်ခရိုင် စင့်ကင့်ကျေးရွာတွင် ဇန်နဝါရီ (၈) ရက်နေ့ နံနက်(၁) နာရီအချိန်တွင် ဆင်များ ဝင်ရောက်ဖျက်ဆီးခဲ့ရာ လူ(၅) ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုဖြစ်စဉ်မှာ မိုးမိတ်မြို့နယ် စင့်ကင့်ကျေးရွာ အတွင်းရှိ ဒေါ်ငွေရင်နေ အိမ်နှင့် ဦးစိုင်းနေအိမ်တို့အား မိုင်းနင်းကျေးရွာ ဘက်မှ ရောက်ရှိလာသော ဆင်သားအမိ နှစ်ကောင်နှင့် ဆင်းထီး တစ်ကောင် ၊ စုစုပေါင်း သုံးကောင်သည် ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၁ အချိန်တွင် ကျေးရွာ အတွင်းသို့ ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် အိမ်မှလူများ ထွက်ပြေးကြရာ ဆင်းထီးမှ လိုက်လံတိုက်ခိုက်သဖြင့် ဒေါ်ငွေရင် အသက်( ၅၆)နှစ် ၊ ဒေါ်အဲရိမ်း ၊ အသက် (၂၈)နှစ် နှင့် မောင်လိန်ဆိုင် အသက် (၉)နှစ် တို့သည် အခင်းဖြစ်ပွားသည့် နေရာတွင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပြီး ဒေါ်အေးစွဲ့ အသက် (၂၄ )နှစ်မှာ ဒဏ်ရာ ရရှိခဲ့သဖြင့် မိုးမိတ် မြို့နယ်ပြည်သူ့ဆေးရုံး သို့ပို့ဆောင်စဉ် လမ်းမှာတင်သေဆုံး သွားခဲ့သည်။


ထို့နောက် နံနက် ၁၀ နာရီခန့်တွင် ရွာသားများမှ သတင်းလာပေးရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ရွာ၏တောင်ဘက် ချောင်းတစ်ဖက်သို့ သွာရောက် ခဲ့ရာ ရေမြှောင်း အတွင်းတွင် ဦးစောရီ အသက် (၅၀)နှစ် ကို လက်တစ်ဖက်ပြတ်လျက် သေဆုံးနေ ကြောင်းထပ်မံတွေ့ရှိခဲ့ရသည်။

အဆိုပါဆင်များ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းကြောင်း ကျေးရွာ အတွင်းရှိ ကျေးရွာသူ/ကျေးရွာသား (၅) ဦး သေဆုံခဲ့ပြီး ဦးအောင်လှ၏ နေအိမ်အကာ ၊ လှေကားနှင့် ဦးအောင်တင်ဌေး ၏ နေအိမ်အမိုးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

စည်သူဌေး (မိုးမိတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးမိတ်ခရိုင် စင့်ကင့်ကျေးရွာတွင် ဆင်များ ဝင်ရောက်ဖျက်ဆီးရာ လူ ၅ ဦးသေဆုံး မိုးမိတ်ခရိုင် စင့်ကင့်ကျေးရွာတွင် ဆင်များ ဝင်ရောက်ဖျက်ဆီးရာ လူ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.