ဇန်နဝါရီ ၁၈ရက်ညနေ၅ နာရီခန့်က ချင်းတွင်းမြစ်ကူး တံတားထိပ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ရွှေတောင်ဦးစေတီတော် ကို ဘုရားသွားဖူးရင်း လက်ခုပ်ပင်ဆိပ်အနီး တွင်မြစ်ထဲရေဆင်းချိုးသော တက္ကသိုလ်ကျောင်းသား/သူ ၅ဦးအနက် ၃ ဦးမှာ ရေနစ် သေဆုးံသွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုးံသူများမှာ မုံရွာစီးပွားရေးတက္ကသိုလ်၊ အီကိုမေဂျာမှ နောက်ဆုံးနှစ်ကျောင်းသူ မသန်းသန်းဆင့်(ဟုမ္မလေး)၊ ကျွန်းလှမြို့နေ တတိယနှစ်ကျောင်းသူ မဟန်နီဆင့်နှင့် မုံရွာတက္ကသိုလ် ပထမနှစ်ကျောင်းသား ကုဋေအောင်(အရာတော်)တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ ရေဆင်းကူးသော ကျန်ကျောင်းသူနှင့် ကျောင်းသားတို့မှာ အသက်ရှင်လျက် လွတ်မြောက်ခဲ့သည်။
"မုံရွာမိန်းကျောင်းနားက မြတ်ဟေမာအဆောင်နေ ကျောင်းသူတွေလို့ သိရပါတယ်။ မသန်းသန်းဆင့်ရဲ့ အလောင်းကိုတော့ ဆယ်ရထားတယ်။သူရေနစ်နေတာကို ကျန်တဲ့နှစ်ဦးကဆင်းကယ်တာ၊ သူတို့ပါနစ်သွားပြီး အလောင်းကိုတော့ ည ၈နာရီထိ မတွေ့သေးလို့ မနက်မှ ဆက်ရှာရမှာ" ဟု အခင်းဖြစ်နေရာသို့ ရောက်နေသော ယင်းမာပင် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းနေရာတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မုံရွာမြို့စက်မှုအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ ရေဆင်းချိုးရင်း သုးံဦးရေနစ်သေဆုးံခဲ့ဖူးသော နေရာလည်း ဖြစ်သည်။
ချင်းတွင်းတံတားထိပ် ယင်းမာပင်နယ်မြေ အတွင်းရှိသော ရွှေတောင်ဦးဘုရာသည် မုံရွာမြို့ရှိ တက္ကသိုလ်ကျောင်းသူကျောင်းသားအများစုသည် ဘုရားဖူးရင်း မကြာခဏသွားရောက်လေ့ရှိသည့် နေရာ တစ်ခုလည်း ဖြစ်သည်။
Central News Myanmar
https://www.facebook.com/CNMyanmar/
ချင်းတွင်းမြစ်ထဲရေဆင်းချိုးရာမှ တက္ကသိုလ်ကျောင်းသူ နှစ်ဦးနှင့် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး
Reviewed by THITHTOOLWIN
on
09:15
Rating:
