ကံပြား/မြို့သစ်/နေပြည်တော် ကားလမ်းတွင် ယာဉ်တိမ်းမှောက် မှု ဖြစ်ပွား


မြို့သစ် ဇန်နဝါရီ ( ၂၈ )

မကွေးတိုင်းဒေသကြီး မြို့သစ် မြို့နယ်အတွင်း { ကံပြား/မြို့သစ်/နေပြည်တော် } ကားလမ်းတွင် ယနေ့ နံနက်( ၇း၀၀ )နာရီကယာဉ် တိမ်းမှောက်မှု ဖြစ်ပွါးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၂၈/၁/၂၀၁၇)ရက်နေ့ နံက် (၇း၀၀)နာရီခန့်က ကံပြား ဘက်မှနေပြည်တော်ဘက်သို့ ယာဉ်မောင်းရန်နိုင်ဝင်း(ခေါ်) ထွန်းထွန်းဝင်း(အသက်/၂၉)နှစ် ကွက်သစ်ရပ်ကွက်နေသူမောင်းနှင်သည့် မော်တော်ယာဉ်အမှတ်{MDY--3M/___BONGO--3 အဖြူရောင် ယာဉ်ပေါ်တွင်ကြက်သွန်နီအိတ် အပြည့်နှင့် ခရီးသည်(၁၅)ဦးတို့အား တင်ဆောင်ပြီး အရှိန်ပြင်းစွာမောင်းနှင်လာစဉ်မိုင်တိုင်အမှတ်(၅၀/၇)နှင့်(၅၁/၀)အကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏မြောက်ဘက်(ဝဲဘက်)ခြမ်းသို့ မော်တော်ယာဉ် တိမ်းမှောက်သွားခဲ့သည် ။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာရရှိမှု မရှိသော်လည်း ယာဉ်ပေါ်ပါ ကျား( ၃ )ဦး / မ( ၁၂ )ဦး /စုစုပေါင်း( ၁၅ )ဦးတွင် ဒဏ်ရာ အသီးသီးရရှိသဖြင့် ဒဏ်ရာရရှိသူများအား ရဲဆေးစာဖြင့် မြို့သစ်ဆေးရုံသို့ ပို့အပ်ထားခဲ့သည် ။

ဖြစ်စဉ်နှင့် ပါတ်သက်၍ မော်တော်ယာဉ်အား အရှိန်ပြင်းစွာဖြင့် မဆင်မခြင်ပေါ့ဆစွာမောင်းနှင်ခဲ့သူ ရန်နိုင်ဝင်း အား ဥပဒေအရ အရေးယူပေးပါရန် တာဝန်မှူးဒုရဲအုပ်ညွန့်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့သစ်မြို့မရဲစခန်းမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်း
ရရှိသည် ။ ။ ။ ။

သန်းဝင်းထွန်း { မြို့သစ် }
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကံပြား/မြို့သစ်/နေပြည်တော် ကားလမ်းတွင် ယာဉ်တိမ်းမှောက် မှု ဖြစ်ပွား  ကံပြား/မြို့သစ်/နေပြည်တော် ကားလမ်းတွင် ယာဉ်တိမ်းမှောက် မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.