ကန်ပိုက်တီနယ်စပ်မြို့၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

ကန်ပိုက်တီနယ်စပ်မြို့၌ လူနေအိမ်( ၅ )လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
ကန်ပိုက်တီ ဇန်နဝါရီ (၂၅ )

မြန်မာ-တရုတ်နယ်မြို့ဖြစ်သည့် ကချင်ပြည်နယ် ကန်ပိုက်တီမြို့ အမှတ်(၂)ရပ်ကွက်၌ (၂၅-၁-၂၀၁၇) ရက်နေ့ ည(၈)နာရီခွဲတွင် အိမ်ရှင်ဦးဒွမ်ဖော်ဘူ၏ ပျဉ်ခင်း၊ ပျဉ်ကာ၊ အုတ်ကြွပ်မိုး (၂)ထပ်အိမ် အောက်ထပ် မီးဖိုခန်းအတွင်း မီးကြွင်းမီးကျန် မှတဆင့် စတင်မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရပါသည်။

 ၎င်း၏နေအိမ်ဘေး ဝဲ/ယာရှိ ဈေးဆိုင်ခန်း (၅)ခန်းပါ (၂)ထပ်အိမ်တစ်လုံး၊ ချယ်ရီပန်းစားသောက်ဆိုင်၊ ဦးအောင်မိုင်၏ (၂)ထပ်နေအိမ် တစ်လုံးနှင့် လမ်းတစ်ဖက်ရှိ တာချိန့်စားသောက်ဆိုင် တို့ကို မီးကူးဆက် လောင်ကျွမ်းခဲ့ ပါသည်။


အဆိုပါ မီးလောင်မှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များ၊ ဒေသခံပြည်သူ အင်အား(၂၀၀)ကျော်တို့က မီးငြိမ်းသတ်ခြင်း၊ မီးထပ်မံကူးဆက် လောင်မှုမရှိစေရေး ပတ်ဝန်းကျင်ရှိ လူနေအိမ်နှင့် ဆိုင်ခန်းအချို့ကို ပြောင်းရွေ့ဖယ်ရှား ဆောင်ရွက်ပေးခဲ့ကြပြီးမြို့၌ မီးသတ်ဦးစီးဌာနမရှိ၍ ပြည်ပဆက်ဆံရေးဌာနမှ တဆင့် တစ်ဖက်နိုင်ငံ ကူရုံးမြို့မှ မီးသတ်ရေယာဉ်ရရှိရေး အကူအညီတောင်းခံခဲ့ပြီး ၎င်းမြို့မှ မီးသတ်ရေယာဉ်တစ်စီး ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့ကာ ၎င်းမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ဆုံးရှုံးမှု မရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကန်ပိုက်တီနယ်စပ်မြို့၌ မီးလောင်ကျွမ်းမှုဖြစ်ပွား ကန်ပိုက်တီနယ်စပ်မြို့၌ မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.