ပုဏ္ဏုားကျွန်း ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်ပုဏ္ဏုားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာတွင်ယနေ့နံနက် ၁၁ နာရီ ၄၅မိနစ် ခန့်က လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းသွားရာစုစုပေါင်း ဒေသခန့်မှန်းတန်ဖိုးငွေကျပ် ၉၅ သိန်းဆုံးရှုံးသွားကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အောင်ဆိပ်ကျေးရွာမှ ဒေါ်ရွှေကျော့စိန်၏နေအိမ်တွင် ထမင်းချက်နေရာမှ ထမင်း ချက်သူသည်အနီးအနားရှိ အိမ်တစ်အိမ်သို့ခဏသွားနေစဉ် မီးဖိုမှတစ်ဆင့် အနီး ရှိအပါးင်္ကျီ သို့ကူးကာစတင်လောင်ကျွမ်းခဲ့ကြောင်း၊ အနီးအနားမှလူများမြင်တွေ့ချိန်တွင် မီးမှာ အတော်ပြင်းထန်နေပြီဖြစ်ကြောင်း၊ ၄င်းအိမ်မှတဆင့် အနီးအနားရှိ ဓနိမိုး၊ ဝါးထရံ ကာ ၊ ပျဉ်ခင်းထားသော ဒေါ်မေနီအိမ်သို့ ကူးစက်လောင်ကျွမ်းသွားကြောင်း၊ မီးလောင်ကျွမ်း မှုကို ရွာသူရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ကြကြောင်း၊ အနီးအနားရှိ ကျေးရွာများမှလည်း လူအများက လာရောက်ကာ ဝိုင်းဝန်းငြှိမ်းသတ်ပေးကြရာ နံနက် ၁၂ နာရီခွဲခန့်တွင် မီးလုံး ဝ ငြိမ်းသွားကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဒေါ်ရွှေကျော့စိန်ပိုင်သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းအိမ်တစ်လုံး၊ စပါး တင်း ၃၂ဝ (ဒေသအခေါ် စပါးအတောင်း ၈ဝဝ)နှင့် ဒေါ်မေနီပိုင်အိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ရပြီး မီးလောင်ရာသို့ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘစုနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိ သူများက သွားရောက်ကာကြည့်ရှုဆောင်ရွက်လျက်ရှိကြောင်းနှင့်ယခုအခါ ခြောက်သွေ့ရာသီ လေပွေလေရိုင်းတိုက်ခတ်သောကာလရောက်ရှိနေပြီဖြစ်၍ မီးကိုစနစ်တကျ သုံးစွဲကြရန် လိုကြောင်း၊ မီးပေါ့ဆမှုများမဖြစ်အောင် အမြဲသတိထားကြရန် လိုအပ်ကြောင်းသိရသည်။
ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပုဏ္ဏုားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာတွင် လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
Reviewed by THITHTOOLWIN
on
19:39
Rating:
