အောင်မြေသာစံမြို့နယ်တွင် နေအိမ် (၆)လုံး မီးလောင်မှုဖြစ်ပွား


မန္တလေး ဇန်နဝါရီ ၇

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၅၁) မန္တလေး- မတ္တရာကားလမ်းဘေး တွင် ယနေ့နံက် (၁၀ ) နာရီ ၂၅ မိနစ် က ပန်ကာဖွင့်၍ အပူလွန်ကဲရာမှ နေအိမ်(၆)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်ငြိမ်းသတ်ရာ နံနက်(၁၀) နာရီ (၄၀) မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။


အဆိုပါ မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂၅)စီး၊ ရေသယ်ယာဉ် (၅)စီး၊ သန္ဓေမီးသတ် (၆၀)ဦး၊ အရန်မီးသတ် (၁၃၀)ဦး နှင့် ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြပြီး မီးစတင် လောင်ကျွမ်းသော အိမ်ပိုင်ရှင် ကိုရှိုင်းမင်းဦး(ဘ) ဦးကြည်မြင့်အား အောင်မြေသာစံမြို့၊ အမှတ်(၂) နယ်မြေ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇော်လင်းဦး (အောင်/စံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အောင်မြေသာစံမြို့နယ်တွင် နေအိမ် (၆)လုံး မီးလောင်မှုဖြစ်ပွား အောင်မြေသာစံမြို့နယ်တွင် နေအိမ် (၆)လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.