OIC အဖွဲ့ဝင် နိုင်ငံတွေရဲ့အစည်းအဝေးကို ကန့်ကွက်ကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့က နိုင်ငံရေးသိပ္ပံကျောင်းသူဟောင်း မမြတ်ဆုမွန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်စဉ်။ Photo: Thant Zin Oo/RFA |
OIC အစည်းအ၀းမှာ မြန်မာနိုင်ငံကိစ္စဆွေးနွေးတာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်တဲ့ အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ မမြတ်ဆုမွန်က ပြောပါတယ်။
အခုလို တစ်ကိုတော်ဆန္ဒထုတ်ဖော်မှုက အကျိုးသက်ရောက်မှုမရှိရင် အဖွဲ့လိုက်ပါ ထပ်လုပ်သွားဖို့ရှိတယ်လို့လည်း မမြတ်ဆုမွန်က ပြောခဲ့ပါတယ်။
မမြတ်ဆုမွန်ဟာ ရန်ကုန်တက္ကသိုလ်ရှေ့ကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ မလေးရှားသံရုံးအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြတာဖြစ်ပြီး သူ့ကို အမျိုးသားရေးလှုပ်ရှားသူအချို့က ဝန်းရံခဲ့ပါတယ်။
အဲဒီလို ဆန္ဒပြတဲ့အပြင် မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးရဲ့အခွင့်အရေးကိုလိုက်နာဖို့၊ နိုင်ငံရေးအချုပ်အခြာ အာဏာကို လိုက်နာဖို့နဲ့ မြန်မာနိုင်ငံရဲ့အရေးကိစ္စကို အခြားနိုင်ငံမှာ အစည်းအဝေးလုပ်တာကို ကန့်ကွက်ကြောင်း စတာတွေပါဝင်တဲ့ စာတစ်စောင်ကို မလေးရှားသံရုံးကို ပေးပို့ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အိုအိုင်စီအဖွဲ့ အစည်းအဝေးကို ဆန္ဒပြ
Reviewed by THITHTOOLWIN
on
18:25
Rating: