သန်လျင်အုတ်ဖိုစု - သနပ္ပင် လမ်း၌ မီးရထားနှင့်ကား တိုက်မှုဖြစ်ပွား


ရန်ကုန် ဇန်န၀ါရီ ၁၉

သန်လျင်မြို့နယ် အုတ်ဖိုစုရပ်ကွက် အုတ်ဖိုစု-သနပ္ပင်လမ်း၌ ဇန်န၀ါရီ ၁၉ ရက် နေ့လည် ၁၂ နာရီ မိနစ် ၀၄ အချိန်က မီးရထားနှင့် TOYOTAR PROBOX အငှားမော်တော်ယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ သန်လျင် အုတ်ဖိုစုဘူတာမှ မီးရထားအမှတ် DD 930 အရှေ့ပိုင်းတက္ကသိုလ်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော မီးရထားသည် အုတ်ဖိုစု-သနပ္ပင်လမ်းအရောက် အုတ်ဖိုစု-သနပ္ပင်လမ်း အတိုင်း ယာဉ်မောင်း မောင်မှူး မောင်းနှင်လာသော ယာဉ်အမှတ် 5G/------ TOYOTAR PROBOX လိမ္မော်ရောင် အငှားယာဉ်နှင့် ၀င်ရောက်တိုက်မိခဲ့သည်။

ထိုသို့ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မောင်း မောင်မှူး မောင်းနှင်လာသော 5G/------ TOYOTAR PROBOX အငှားယာဉ် ယာဘက်ခြမ်းပျက်စီး၊ ယာဘက်ရှေ့တံခါးပျက်စီးခဲ့ပြီး လူဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး မီးရထားနှင့် ကားတိုက်မှုဖြစ်ပွားကာ ယာဉ်ပျက်စီးစေသူ ယာဉ်မောင်း မောင်မှူးအား သင်္ကန်းကျွန်း မီးရထားရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်အုတ်ဖိုစု - သနပ္ပင် လမ်း၌ မီးရထားနှင့်ကား တိုက်မှုဖြစ်ပွား သန်လျင်အုတ်ဖိုစု - သနပ္ပင် လမ်း၌ မီးရထားနှင့်ကား တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.