၁၁၅ မိုင် တိုးဂိတ်တွင် ကုန်တင်ယာဉ် ကတ္တား အလယ်ပေါက်ထဲ ကျရောက်တိမ်းမှောက်


နေပြည်တော် ဇန်န၀ါရီ ၈

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၁၅ ရှိ တိုးဂိတ်၌ နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း စိုးမင်းအောင် မောင်းနှင် လာသော ကုန်စိမ်းတင်ယာဉ် ISUZU (၆)ဘီးကားမှာ ယမန်နေ့ ည ၁၁ နာရီခန့်က ကုန်တင်ယာဉ်လမ်းအသုံးပြုခွင့် ကတ္တားပေါ်သို့ တက်ရောက်စဉ် အရှိန်မထိမ်းနိုင်ဘဲ ရှေ့နောက် ယာဘီးများ ကတ္တား အလယ်ပေါက်ထဲ သို့ ကျရောက်ပြီး တိမ်းမှောက်ခဲ့သည်။


ဖြစ်စဉ်ကြောင့် လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊ သို့ပါ၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း စိုးမင်းအောင် အား ဖြူးအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
၁၁၅ မိုင် တိုးဂိတ်တွင် ကုန်တင်ယာဉ် ကတ္တား အလယ်ပေါက်ထဲ ကျရောက်တိမ်းမှောက် ၁၁၅ မိုင် တိုးဂိတ်တွင် ကုန်တင်ယာဉ် ကတ္တား အလယ်ပေါက်ထဲ ကျရောက်တိမ်းမှောက် Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.